သထုံမြို့နယ် မြသပိတ်တောင်တွင် အမျိုးသမီး ရုပ်အလောင်း တွေ့ရှိ

သထုံမြို့နယ် မြသပိတ်တောင်တွင် အမျိုးသမီး ရုပ်အလောင်း တွေ့ရှိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြသပိတ်တောင်ရှိ ဝါးရုံအတွင်း အသတ်ခံထားရသည့် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၃၀ရက် မနက်ပိုင်းက မြသပိတ်တောင်တောထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

မျှစ်ချိုးသွားသူတစ်ဦးမှ ဝါးရုံတောအနီး သေဆုံးနေသော အမျိုးသမီးအလောင်းတစ်ခု တွေ့သည်ဟု အကြောင်းကြားလာကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

"အမျိုးသမီးအလောင်းတွေ့တယ်ဆိုပြီး အကြောင်းကြားလာတာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သွားကြည့်‌ကြ‌တော့ ဟုတ်နေတယ်။ အမျိုးသမီးအလောင်းပဲ"ဟု ၎င်းက ပြောသည်။

သေဆုံးသူ၏ ဘယ်ဘက်ပေါင်တွင် ၄ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားပြီး အဝတ်အစား မရှိသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို သထုံပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူသည် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ဘူတာလမ်းတွင် နေထိုင်သူဖြစ်ပြီး အသက် ၂၀ နှစ်အရွယ် မမေသင်္ကြန်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သထုံမြို့မရဲစခန်းမှ စုံစမ်းမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူထံမှ သိရသည်။

အလားတူ လွန်ခဲ့သည့် ဩဂုတ်လ ၁၈ ရက်က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို ရွှေဆွဲကြိုးနှင့်လက်ကောက် လုယက်ပြီးလူသတ်မှုဖြစ်ပွားခဲ့ရာ တရားခံကို သက်ဆိုင်ရာမှ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...