မွန်ပြည်နယ်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းဝယ်သွက်နေ

မွန်ပြည်နယ်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းဝယ်သွက်နေ
ဌာနီရာမညအိမ်၊ခြံ၊မြေ - မွန်ပြည်နယ်
ဌာနီရာမညအိမ်၊ခြံ၊မြေ - မွန်ပြည်နယ်

ဒေါ်လာဈေးနှုန်းများ မြင့်တက်လာပြီးနောက် မွန်ပြည်နယ်အတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် သွက်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပြည်နယ်အတွင်း မြေဈေးနှုန်းများ မြင့်တက်လာသော်လည်း အရောင်းအဝယ် သွက်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ မလှလှဝင်းက ပြောသည်။

"လူတွေကတော့ ဝယ်တဲ့ချိန်မှာ ဒေါ်လာဈေးကို လိုက်ပြီး ဝယ်ကြတာများတယ်။ ဒေါ်လာဈေးတက်လာရင် မြေဈေးက ဘယ်လောက်ဖြစ်လာနိုင်မလဲပေါ့။ အဲလိုတွက်ပြီး ဝယ်နေကြတာ"ဟု ၎င်းက ပြောသည်။

ဇူလိုင်လကုန်ပိုင်းက  အမေရိကန် တစ်ဒေါ်လာကို ၂၅၀၀ ကျပ် ရှိနေပြီး ယနေ့ ဩဂုတ် ၂၄ ရက်မှာ တစ်ဒေါ်လာကို ၂၉၆၀ ကျပ်ရှိနေသည်။ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူသူများသည် မြန်မာငွေ တန်းဖိုးကျဆင်းလာကြောင့် ငွေသား လက်ဝယ် မထားဘဲ ချက်ချင်း ငွေပေးချေကြကြောင်း ၎င်းက ဆက်ပြောသည်။

အိမ်၊ခြံ‌၊မြေဈေးကွက်တွင် ယခုလအတွင်း ရောင်းသူ ဝယ်သူ ပိုများလာကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

"အရောင်းအဝယ်ကတော့ ရောင်းသူ ဝယ်သူ ပိုများလာတယ်။ ဟိုအရင် ကျနော်တို့ ကိုဗစ်မတိုင်ခင်ကနဲ့ ဒီ နှစ်အတွင်း အရောင်းအဝယ်ဖြစ်တယ်။ ဖြစ်ပြီးတဲ့အပြင် ဒီလပိုင်းမှာ ပိုပြီးတော့ ဖြစ်လာတယ်"ဟု ၎င်းက ပြောသည်။

ယခုလအတွင်း နေအိမ် ဝယ်ယူခြင်းထက် မြေ‌အရောင်းအဝယ် ပိုမို လုပ်ကိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့အတွင်းပိုင်း ပေ ၄၀-၆၀ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၅၅ဝ ကျပ် မှ ၉၀၀ ထိ ပေါက်‌ဈေးရှိပြီး မြို့ပြင်ဖြစ်ပါက ကျပ်သိန်း ၂၈၀ မှ ၄၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...