စနစ်ဟောင်းသင်ရိုးဟောင်းကျောင်းသား/သူတွေအတွက် နောက်ဆုံးအကြိမ်အဖြစ်ကျင်းပမယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူကျောင်းသား/သူတွေ စက်တင်ဘာလ ၁ ရက်ကစပြီးစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းနိုင်တယ်လို့ ကြေညာ

စနစ်ဟောင်းသင်ရိုးဟောင်းကျောင်းသား/သူတွေအတွက် နောက်ဆုံးအကြိမ်အဖြစ်ကျင်းပမယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူကျောင်းသား/သူတွေ စက်တင်ဘာလ ၁ ရက်ကစပြီးစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းနိုင်တယ်လို့ ကြေညာ

၂၀၂၂ ခုနှစ်က ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးတဲ့သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိကြတဲ့ စနစ်ဟောင်း သင်ရိုးဟောင်းကျောင်းသား ကျောင်းသူတွေအတွက်နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနစ်တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လမှာကျင်းပသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ကစပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့ ဩဂုတ်လ (၂၃) ရက်နေ့က ကြေညာထားပါတယ်။

စနစ်ဟောင်း သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မတ်လ မှာ ကျင်းပသွားမှာဖြစ်ပြီး စာမေးပွဲဖြေခွင့်လျှောက်လွှာကို ၂၀၂၂ ခုနှစ်စက်တင်ဘာလ (၁) ရက်နေ့ကနေ စက်တင်ဘာ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမှာဖြစ်တဲ့အတွက် ကျောင်းသားတစ်ယောက်လျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း (၇၀၀) ကျပ်နဲ့ လျှောက်လွှာတစ်စောင် (၂၀၀) ကျပ် စုစုပေါင်း (၉၀၀) ကျပ် ပေးဆောင်ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းတဲ့ခါမှာလဲ ဘာသာတွဲ အမှတ်စဉ် (၁) (၅) (၆) (၇) (၈) များဖြင့် ဖြေဆိုမဲ့ သူတွေအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံကို လည်းကောင်း၊ ဘာသာတွဲ (၂) (၃) (၄) များဖြင့် ဖြေဆိုကြမဲ့ သူတွေအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံတို့ဖြင့် တင်သွင်းဖို့အတွက် အရောင် (၂) မျိုးခွဲခြားထားတယ်လို့ ကြေညာထားပါတယ်။

ထို့အပြင် ပြင်ပကနေဖြေဆိုဖို့ လျှောက်လွှာတင်သွင်းသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး တွေမှာ စာမေးပွဲကြေး (၇၀၀) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေဝယ်ယူကာ ဝင်ခွင့်လျှောက်လွှာရဲ့ လက်ဝဲဘက် ထိပ်ပိုင်းမှာကပ်ပြီး မိမိတို့အမှန်တကယ်နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ သတ်မှတ်ရက်အတွင်းမှာ တင်သွင်း ရမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ မြန်မာတစ်နိုင်ငံလုံးမှာ စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ၂၈၁၇၅၁ ဦး ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၃၂၀၇၇ ဦးရှိတဲ့အတွက် အောင်ချက်ရာခိုင်နှုန်း ၄၆ ဒဿမ ၈၈ ရှိတယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။

 

၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကိုမတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့ကာ ချင်းပြည်နယ်မှာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းတဲ့ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိကာ လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ အောင်မြင်သူ ၆၀၅ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်၂၆.၇၈% လို့သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...