လေဆိပ်နှင့် ဆိပ်ကမ်း စီမံကိန်းမြေယာလျော်ကြေးကိစ္စ တောင်သူဘက်ရပ်တည်မည်ဟု MUP ပြော

လေဆိပ်နှင့် ဆိပ်ကမ်း စီမံကိန်းမြေယာလျော်ကြေးကိစ္စ တောင်သူဘက်ရပ်တည်မည်ဟု MUP ပြော

မွန်ပြည်နယ်အတွင်း တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၏ မြေယာလျော်ကြေးနှင့် ပတ်သက်ပြီး တောင်သူများဘက်က ရပ်တည်ပေးမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) က ပြောသည်။

လက်ရှိတွင် စီမံကိန်း တည်ဆောက်မည့် ဧရိယာအတွက် မြေယာတိုင်းတာသည့် အဆင့်သာ ရှိနေပြီး လျော်ကြေးပေးသည့်အဆင့်မရောက်သေးကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

"လောလောဆယ်တော့ ကျနော်တို့ အခြေအနေကိုတော့ စောင့်ကြည့်နေတယ်။ အခု တိုင်းတာတဲ့ အဆင့်ပြီးသွားပြီ။ လျော်ကြေးပေးမယ့် အဆင့်ပဲ ကျန်တော့တယ်ဆိုတော့ လျော်ကြေးကို ဘယ်လိုတွက်ချက်မယ်။ ဘယ်လိုပေးမလဲဆိုတာတော့ စောင့်ကြည့်နေရတယ်ပေါ့။ အထူးသဖြင့်တော့ ကျနော်တို့က လယ်ယာမြေဥပဒေအတိုင်းတော့ ဖြစ်စေရမယ်ပေါ့။ ဥပဒေအရ အဓိကထားပြီး တောင်သူတွေဘက်က ရပ်တည်သွားမယ်ပေါ့"ဟု ၎င်းက ပြောသည်။

မြေနေရာလျော်ကြေး နှင့် ပတ်သက်ပြီး လယ်ယာမြေဥပဒေအတိုင်း တောင်သူများ ခံစားခွင့် ရရှိစေရန် ကြိုးစားပေးသွားမည် ဖြစ်ကြောင်း၊ တွက်ချက်ပုံစံနှင့် ပေးမည့် ပမာဏကို မသိရသည့်အတွက် စောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။

‌‌စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် မြေဧရိယာ ၄၆၀၀ ကျော်အတွက် နစ်နာကြေးလျော်ကြေးငွေ ၂၇.၁၂ ဘီလီယံ လျာထားကြောင်းနှင့် မြေဧရိယာ ၄၆၂၆.၂၉ ဧကကို အဆိုပြု ဧရိယာအဖြစ် သတ်မှတ်ထားပြီး ပင်မလေဆိပ် ဧရိယာကို ၃၄၄၇.၄၂ ဧက၊ ပင်မဆိပ်ကမ်းဧရိယာကို ၃၆၉.၁၇ ဧက သတ်မှတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီးဦးအောင်ကြည်သိန်းမှ ပြောကြားထားသည်။

စီမံကိန်းအတွက် မြေယာလျော်ကြေးနှင့် ပတ်သက်ပြီး အဆိုပြု တွက်ချက်ထားသည့်အဆင့်သာ ရှိသေးကြောင်း ပြည်နယ် နစက ကောင်စီဘက်မှ သိရသည်။

စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် မြေယာများအတွက် လျော်ကြေးငွေများကို ပထမအဆင့်တွက်ချက်ပြီး ပြည်ထောင်စုကို တင်ပြထားကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း တည်ဆောက်မည့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်း စီမံကိန်းကို မုဒုံမြို့နယ်၊ ကော့ပရံ၊ ဘလောက်၊ ညောင်ဝိုင်း ကျေးရွာအနီးတွင် မြေဧရိယာ ၄၆၀၀ ကျော် သတ်မှတ်ထားသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...