ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုကြောင့် ဟိုင်မွာလ်ရွာက နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ အသက်မပြည့်သေးတဲ့ မောင်နှမ နှစ်ယောက်လုံး သတ်ဖြတ်ခံရပြီး သူတို့ရုပ်အလောင်းတွေကို ဒီနေ့ဩဂုတ်လ ၁၆ ရက်နေ့မှာ တွေ့ခဲ့ရတယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။
"၁၄ ရက် ၂နာရီဝန်းကျင်လို့မှာ စစ်သားတွေရွာထဲဝင်လာပြီး ရွာမှာရှိတဲ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်တယ်၊ လက်နက်မမျှလို့ ကာကွယ်ရေးတပ်တွေနောက်ဆုတ်ရတယ်၊ ပြီးတော့ ခုဖမ်းထားတဲ့သူတွေအိမ်ကို တန်းပြီးသွားကြတယ်၊ ဒလန်သတင်းပို့လို့နေမှာ အိမ်မှာမောင်နှမနှစ်ယောက်ထဲရှိတော့ ဖမ်းသွားကြတာ၊ သူတို့နှစ်ယောက်လုံး ၁၈ နှစ် မပြည့်သေးဘူး၊ ရွာထဲမှာလည်း သေနတ်နှင့်ထုလိုက်ကန်လိုက်နှင့် ဖမ်းခေါ်သွားကြတာ။ " လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အသတ်ခံရတဲ့သူတွေကတော့ အသက် ၁၇ နှစ်အရွယ် Salai Lal Nun Puii၊ အသက် ၁၅ နှစ်အရွယ် Mai Lal Ruat Mawia တို့ဖြစ်ပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မောင်နှမနှစ်ဦးဟာ နှစ်ယောက်လုံး ၁၈ နှစ်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် လေးတွေဖြစ်ပြီး သူတို့အလောင်းကို ဒီနေ့ ဩဂုတ်လ ၁၆ ရက် ၁၁ နာရီ ဝန်းကျင်မှာ ရွာဘေးချောင်းသွားတဲ့လမ်း မှာတွေ့ရှိထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။







