တီးတိန်မြို့နယ်ဟိုင်မွာလ်ရွာမှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ အသက််မပြည့်သေးတဲ့မောင်နှမ ၂ ယောက် သတ်ဖြတ်ခံရ အလောင်းတွေ့

တီးတိန်မြို့နယ်ဟိုင်မွာလ်ရွာမှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ အသက််မပြည့်သေးတဲ့မောင်နှမ ၂ ယောက် သတ်ဖြတ်ခံရ အလောင်းတွေ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုကြောင့် ဟိုင်မွာလ်ရွာက နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ အသက်မပြည့်သေးတဲ့ မောင်နှမ နှစ်ယောက်လုံး သတ်ဖြတ်ခံရပြီး သူတို့ရုပ်အလောင်းတွေကို ဒီနေ့ဩဂုတ်လ ၁၆ ရက်နေ့မှာ တွေ့ခဲ့ရတယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။

"၁၄ ရက် ၂နာရီဝန်းကျင်လို့မှာ စစ်သားတွေရွာထဲဝင်လာပြီး ရွာမှာရှိတဲ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်တယ်၊ လက်နက်မမျှလို့ ကာကွယ်ရေးတပ်တွေနောက်ဆုတ်ရတယ်၊ ပြီးတော့ ခုဖမ်းထားတဲ့သူတွေအိမ်ကို တန်းပြီးသွားကြတယ်၊ ဒလန်သတင်းပို့လို့နေမှာ အိမ်မှာမောင်နှမနှစ်ယောက်ထဲရှိတော့ ဖမ်းသွားကြတာ၊ သူတို့နှစ်ယောက်လုံး ၁၈ နှစ် မပြည့်သေးဘူး၊ ရွာထဲမှာလည်း သေနတ်နှင့်ထုလိုက်ကန်လိုက်နှင့် ဖမ်းခေါ်သွားကြတာ။ " လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသတ်ခံရတဲ့သူတွေကတော့ အသက် ၁၇ နှစ်အရွယ်  Salai Lal Nun Puii၊ အသက် ၁၅ နှစ်အရွယ် Mai Lal Ruat Mawia တို့ဖြစ်ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မောင်နှမနှစ်ဦးဟာ နှစ်ယောက်လုံး ၁၈ နှစ်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် လေးတွေဖြစ်ပြီး သူတို့အလောင်းကို ဒီနေ့ ဩဂုတ်လ ၁၆ ရက် ၁၁ နာရီ ဝန်းကျင်မှာ ရွာဘေးချောင်းသွားတဲ့လမ်း မှာတွေ့ရှိထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...