မံစီမြို့နယ်၊ဇင်းပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မံစီမြို့နယ်၊ဇင်းပုတ်ကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲက ဇင်းပုတ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ရွာထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို အရပ်ဝတ်နဲ့ ခရီးသည်တင်ကားပေါ်ကနေ လိုက်ပါလာတဲ့ မိုးမောက် တပ်ရင်း (၆၀၂) က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဇင်းပုတ်ကျေးရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းတပ်တို့ကနေ ပြီးခဲ့တဲ့ ဩဂုတ်လ (၄)ရက်နေ့က စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တာကြောင့် နီးစပ်ရာဆွေမျိုးတွေရှိတဲ့ ဒေသတွေကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

" ဒီဘက်က စင်းခန်းဆိုလည်း အမျိုးတွေရှိတာကိုး ။ ရွှေကူဘက်မှာလည်းရှိတယ် နောက်ပြီး ဗန်းမော်ဘက်မှာလည်း ရှိတယ်ဆိုတော့ အဲဒီလိုမျိုး ရွာတွေ ဖြန့်ပြီးသွားနေနေ ကြတာပါ့။ ၉၀ ရာခိုင်နှုန်းလောက်ထွက်သွားတာပါ့။ " လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံတွေ ပြန်လည်နေထိုင်ကြဖို့ စစ်ကောင်စီဘက်က ပြောဆိုမှုတွေ ရှိပေမယ့်လည်း ရွာသားတွေအနေနဲ့ ယုံကြည်မှုမရှိတဲ့အတွက် မပြန်နိုင်သေးကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ချိန် PDF ဘက်က ထောင်ထားတဲ့ မိုင်းနင်းမိခဲ့ပြီး အရာရှိတစ်ဦး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဇင်းပုတ်ကျေးရွာဟာ ဧရာဝတီမြစ်နဲ့ ဗန်းမော် - မန္တလေး ကားလမ်း ကြားမှာတည်ရှိပြီး အိမ်ခြေ တစ်ရာနီးပါးရှိတဲ့ ကျေးရွာ တစ်ခုလည်း ဖြစ်ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...