“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသွားရန်” ဆိုသည့်အမြင်ကို ဆုပ်ကိုင်ထားရှိကြောင်း (၇၅) ကြိမ်မြောက် စိန်ရတုမွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီထုတ်ပြန်

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသွားရန်” ဆိုသည့်အမြင်ကို ဆုပ်ကိုင်ထားရှိကြောင်း (၇၅) ကြိမ်မြောက် စိန်ရတုမွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီထုတ်ပြန်

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသွားရန်” ဆိုသည့်အမြင်ကို မွန်ပြည်သစ်ပါတီ ဆုပ်ကိုင်ထားရှိပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့်အတူ ရပ်တည်လျက်ရှိကြောင်း (၇၅) ကြိမ်မြောက် စိန်ရတုမွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီ ထုတ်ပြန်လိုက်သည်။

မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့က စစ်အစိုးရအား လတ်တလောတွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊  မွန်အမျိုးသားတို့၏အမြင်သဘောထားများကို အခြေခံ၍ တိုင်းရင်းသားလူမျိုးများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး၊ မွန်ပြည်နယ်တည်ထောင်ရေးနှင့် မွန်အမျိုးသားရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း မွန်ပြက္ခဒိန်ဝါခေါင်လပြည့်ဖြစ်သည့် သြဂုတ် ၁၁ ရက်နေ့ တွင်ကျရောက်သည့် စိန်ရတုမွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိကာလတွေမှာ တော်လှန်ရေးမျိုးဆက်သစ်တွေကို လေ့ကျင့်ပျိုးထောင်ရင်း မိမိတို့ရဲ့ပါတီ၊ တပ်ဖွဲ့၊ ဒေသ၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ကိုတည်ဆောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတံခါး ဆက်လက်ဖွင့်ထားမယ်”ဟု ပြည်သူလူထုနှင့် မျိုးချစ်ရဲဘော်အပေါင်းတို့အား မွန်ပြည်သစ်ပါတီက တိုက်တွန်းထားသည်။

မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် စိန်ရတုမွန်တော်လှန်ရေးနေ့အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ နှင့်အတူ ပါတီထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ခဲ့သည်။

အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်နှင့် ဘုရားသုံးဆူဒေသအသီးသီးတို့တွင်လည်း သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့စစ်ကြောင်းများဖြင့် အခမ်းအနားကျင်းပခဲ့သည်။  

အခမ်းအနားတွင် အလံတော်အလေးပြုခြင်း၊ လွန်လေပြီးသော မွန်အာဇာနည်သူရဲကောင်းများနှင့် ကျဆုံးတော်လှန်ရေးရဲဘော်များအား အလေးပြုခြင်း၊ မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်၊ ဥက္ကဌသဝဏ်လွှာ၊ တော်လှန်ရေးကာလတလျှောက် ကျဆုံးသူများစာရင်းနှင့် တော်လှန်ရေးကာလတလျှောက် ဇွဲရှိရှိဖြင့်တာဝန်ထမ်းဆောင်ခဲ့သူစာရင်းထုတ်ပြန်ခြင်းတို့ကို အစီအစဥ်အလိုက်ဖတ်ကြားခဲ့သည်။  

“မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ကြ” “မွန်အမျိုးသားလွတ်မြောက်မှုတော်လှန်ရေး အောင်မြင်ရမည်” “မွန်ပြည်သစ် ပေါ်ထွန်းရမည်” ကြွေးကျော်သံများဖြင့် အခမ်းအနားများ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဖဆပလအစိုးရ၏ ဖိနှိပ်အနိုင်ကျင့်မှုကိုမခံမရပ်ဖြစ်သည့် မွန်လူငယ်တစ်စုက ဇာသပြင်(ဘားအံမြို့နယ်) ရဲစခန်းလက်နက်ဝင်လုရာမှ မွန်တော်လှန်ရေးစတင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...