မြစ်ကြီးနားတက္ကသိုလ် အွန်လိုင်းအခြေပြု ကျောင်းပြင်ပ ပညာရေးအစီအစဉ် ခေတ္တရပ်နားမည်

မြစ်ကြီးနားတက္ကသိုလ် အွန်လိုင်းအခြေပြု ကျောင်းပြင်ပ ပညာရေးအစီအစဉ် ခေတ္တရပ်နားမည်

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂကနေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အွန်လိုင်းအခြေပြု ကျောင်းပြင်ပပညာရေး ( Extra Curriculum ) အစီစဉ်ကို  ဩဂုတ်လ (၁၀) ရက်နေ့ကနေစတင်ပြီး ခေတ္တရပ်နားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာရပ်ဆိုင်ရာ သင်တန်းတွေ ၊ ဘာသာစကားဆိုင်ရာသင်တန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတွေကို ဖွင့်လှစ်ပို့ချနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် စီစဉ်နေတဲ့ကာလအတွင်း ခေတ္တရပ်နားရတာ ဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားတက္ကသိုလ်ကောင်စီကနေ ဖွင့်လှစ်သင်ကြားနေတဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုတွေကို ရပ်နားတာမဟုတ်ဘဲ ကျောင်းပြင်ပ ပညာရေးအစီစဉ်တွေကိုသာ ရပ်နားရတာဖြစ်တယ်လို့ ဆိုပါတယ်။

" ရပ်ဆိုင်းရတဲ့အကြောင်းအရင်းကတော့ ကျွန်တော် တို့က အခုလောလောဆယ်မှာ Short Course Training တွေကိုပဲ ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုအခါမှာ Certificate ကနေစပြီး Diploma အထိကို Training တွေပေးနိုင်အောင် ပြန်လည်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်။ အဲဒါကြောင့် ပြင်ဆင်နေတဲ့ကာလအတွင်းမှာ ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ ပြန်လည်စတင်မယ့်ရက်ကိုလည်း ကျွန်တော်တို့ ကြေညာသွားမှာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ဘဲ CDM ပြုလုပ်ကြတဲ့ ကျောင်းသူ/သားတွေပညာရေးအဆက်မပြတ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြားကာလ အွန်လိုင်း ပညာရေးအစီစဉ်အနေနဲ့  ကျောင်းပြင်ပ ပညာရေးအစီစဉ်ရက်တိုသင်တန်းတွေကို  မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ ၂၀၂၁ ခုနှစ် မေလ ကနေ ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...