တီးတိန်မြို့နယ် လိုင်တွီးရွာသားတစ်ယောက် အမည်မသိရတဲ့လက်နက်ကိုင်အဖွဲ့တွေထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ဒဏ်ရာများရရှိ

တီးတိန်မြို့နယ် လိုင်တွီးရွာသားတစ်ယောက် အမည်မသိရတဲ့လက်နက်ကိုင်အဖွဲ့တွေထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ဒဏ်ရာများရရှိ

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်မှာ ရေပိုက်ပြင်ဖို့သွားတဲ့ လိုင်တွီးရွာသားတစ်ယောက်ဟာ ယမန်နေ့ ဩဂုတ်လ(၈)ရက်နေ့က အဖွဲ့အစည်းအမည်မသိရတဲ့ လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့မိုင်း နင်းမိတာ ကြောင့် ဒဏ်ရာတွေရရှိတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မိုင်းနင်းမိတဲ့ လိုင်တွီးရွာသားမှာ အသက်(၄၀)ဝန်းကျင်ခန့်ရှိတဲ့ ကိုကမ်ဇမုန်ဖြစ်ပြီး မိုးတွင်းကာလ ရေမကြာခဏ ပြတ်တတ်တာကြောင့် ရေပိုင်ပြင်ဖို့သွားတဲ့ချိန် မိုင်းနင်းမိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အခြေအနေကောင်းတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“မိုးတွင်းကာလဖြစ်တော့ မိုးများတာပေါ့ ၊ အဲ့လိုဖြစ်တဲ့ချိန် သွယ်ထားတဲ့ရေပိုက်တွေ ပြတ်တာတွေ ကြောင့်ရေမလာတာတွေရှိတက်တာပေါ့ ၊ ဒါကိုသွားပြင်တဲ့ချိန်မှာ မိုင်းနင်းမိသွားတာ ၊ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရတာကလွဲရင် အဆင်ပြေတယ်၊ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလဲဆိုတာတော့ မသိရဘူး၊ ကျနော်တို့ဖက်မှာ တိုက်ပွဲဖြစ်တာလဲ လုံးဝမရှိဘူးဗျ”လို့ လိုင်တွီးကျေးရွာက ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

လိုင်တွီးရွာသားတစ်ယောက် မိုင်းနင်းမိတာနဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့် ဖြစ်တဲ့ Fifty Two Newsမှာတော့ နွားနောက်ရှာဖို့သွားတဲ့ လိုင်တွီးရွာသားတစ်ယောက် CDFတွေထောင်ထားတဲ့ မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

လိုင်တွီးကျေးရွာဟာ တီးတိန်မြို့နယ်မှာ အိမ်ခြေ (၁၀၀၀)ခန့်ရှိတဲ ရွာဖြစ်ပြီးတော့ လိုင်တွီးရွားသားတွေ မိုင်းနင်းမိတာအခုအကြိမ်နဲ့ဆို ဒုတိယအကြိမ်ဖြစ်ပြီး ယခင်လ ဇူလိုင်လတုန်းကလဲ နွားနောက်ရှာဖို့သွားတဲ့ အမျိုးသား(၂)ယောက် မိုင်းနင်းမိတာကြောင့် တစ်ယောက်သေဆုံးပြီး ကျန်တစ်ယောက်မှာ ခြေထောက်ပြတ် ၊ မျက်စီအမြင်ထိခိုက်တာစတဲ့ ဝေဒနာတွေကြောင့်  ဒုက္ခတဖြစ်သွားသူတွေရှိတယ်လို့ သိရပါတယ်။

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...