ချီဖွေခရိုင်အတွင်း လက်နက်ကိုင်အဖွဲ့များ၏ တိုးချဲ့ဂိတ်တွေကြောင့် သွားရေးလာရေး ခက်ခဲ

ချီဖွေခရိုင်အတွင်း လက်နက်ကိုင်အဖွဲ့များ၏ တိုးချဲ့ဂိတ်တွေကြောင့် သွားရေးလာရေး ခက်ခဲ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်အတွင်းက ဒေသခံတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုးချဲ့လိုက်တဲ့ ဂိတ်တွေမှာဖြတ်သန်းသွားလာတဲ့အချိန် အဟန့်အတားတွေ အမျိုးမျိုး ရှိနေတာကြောင့် ခက်ခဲနေတဲ့အပြင် တောင်ယာတွေ မလုပ်ကိုင်နိုင်ဘဲ လာမယ့်နှစ်အတွက်  ဆန်စပါးပြတ်လပ် သွားမှာကို စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အဲဒီဒေသမှာ နဂိုကတည်းကရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ဂိတ်တွေသာမက အသစ်ဖွဲ့လိုက်တဲ့ လက်နက်ကိုင်တွေရဲ့ ဂိတ်တွေပါ တိုးလာပြီးတော့  သွားရေးလာရေးပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံရပ်မိရပ်ဖတစ်ဦးက အခုလိုပြောပါတယ်။

“အဲဒီလိုဖြစ်တော့ တောင်ယာလုပ်တဲ့သူက မသွားရဲဘူးလေ။ မလာနဲ့ဆိုတော့ မသွားရုံပေါ့။ တကယ်လို့ တိုက်ပွဲဖြစ်လို  ပစ်တာခတ်တာတွေနဲ့ ထိမှန်သွားရင် လျော်ကြေးမပေးဘူးတဲ့၊ အဲဒီလိုကိုပြောတာ၊”လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလိုဖြစ်နေတဲ့အတွက် လာမယ့်နှစ်မှာ ချီဖွေခရိုင်အတွင်း ဆန်လုံလောက်မှုမရှိတာတွေ ဖြစ်လာနိုင်တယ်လို့ဒေသခံက ကဆက်လက်ပြောပါတယ်။

“နောက်နှစ်တော့ စားစရာမရှိတော့ဘူးပေါ့၊ စစ်ရှောင်ကို ဝင်သွင်းပေးရုံပဲရှိတယ်၊ စစ်ရှောင်တွေကတော့ စခန်းမှာNGO ကထောက်ပံ့တော့ ညမနက် နပ်မှန်အောင်စားနိုင်တယ်၊ ကျန်တဲ့လူခက်တယ်လေ၊ စစ်ရှောင်မဟုတ်တဲ့လူကခက်နေတာ၊”လို့ ဒေသခံက ပြောပါတယ်။

အဲဒီလမ်းတစ်လျှောက်မှာ ဒေသခံပြည်သူစစ်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ စစ်တပ်ဂိတ်၊ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဂိတ်နဲ့ PDF ဂိတ် စရှိတဲ့ လက်နက်ကိုင်ဂိတ်တိုင်းကို  စိုးရိမ်စိတ်တွေနဲ့ဖြတ်သန်းသွားလာ နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...