ဒေါ်ခင်စောဝေတင်ပြထားသည့် မောင်တောနှင့် ဘူးသီးတောင် လုံခြံုရေးတင်းကျပ်ရန်လိုသည့် အဆို တစ်လခန့်ကြာမှ လွှတ်တော်တွင် ဆွေးနွေးခွင့်ရ

ဒေါ်ခင်စောဝေတင်ပြထားသည့် မောင်တောနှင့် ဘူးသီးတောင် လုံခြံုရေးတင်းကျပ်ရန်လိုသည့် အဆို တစ်လခန့်ကြာမှ လွှတ်တော်တွင် ဆွေးနွေးခွင့်ရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ လွန်ခဲ့သော တစ်လခန့်က တင်ပြထားသည့် မောင်တော၊ ဘူးသီးတောင်နှင် မေယူဒေသ လုံခြံုရေးတင်းကျပ်စွာ ထားရှိရန်လိုအပ်သည့် အဆိုကို လာမည့်သြဂုတ် ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း ဒေါ်ခင်စောဝေက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

njr1501“ ဒီအဆိုကို ဆွေးနွေးဖို့ တင်ပြတောင်းခံထားတာ ကြာပါပြီ။ တစ်လနီးပါး ရှိနေပါပြီ။ အခုတော့ ပြည်သူ့ လွှတ်တော်မှာ ဒီလ ၁၈ ရက်နေ့မှာ လက်ခံဆွေးနွေးမယ်ဆိုပြီး သိရပါတယ်။ သူတို့ အကြောင်းပြတာက ပြည်နယ် အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကို မေးမြန်းရတဲ့အတွက် အခုလို ကြန့် ကြာသွားရတာလို့ ဖြေရှင်းချက်တော့ ပေးထားပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

၎င်းအဆိုကို ပထမတွင် အရေးတစ်ကြီး အဆိုအဖြစ် တင်သွင်းရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်က လက်ခံမည် မဟုတ်ဟု ယူဆ၍ ပါတီမှ တာဝန်ရှိသူများမှ အကြံပြုချက်အရ သာမန် ရိုးရိုးအဆိုအနေဖြင့် ဆွေးနွေးရန် တင်သွင်းခဲ့ကြောင်း၊ ၎င်းအဆိုကို မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာ လူသတ်မှု ဖြစ်စဉ် မဖြစ်ပွားမီကတည်းက တင်ပြထားခြင်း ဖြစ်ကြောင်း၊ ၎င်းအဆိုကို ဆွေးနွးမည် မဟုတ်တော့ကြောင်း ထင်ထားပြီးမှ ယခု ပြန်ဆွေးနွေးမည်ဟု သိရကြောင်း၊ အခြေအနေမှာ ယခင်ကနှင့် မတူရာမှ လွှတ်တော်က ခွင့်ပြုလာခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

“ ဒီအဆိုကို ဒီလ ၁၈ ရက်နေ့မှာ ဆွေးနွေးဖို့ အတည်ပြုရင် ဘယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးမလဲ။ အမည်စာရင်း တင်သွင်းရမယ်။ ဆွေးနွေးဖြစ်မှာက သြဂုတ် ၂၁ နဲ့ ၂၂ ရက် တစ်နေ့နေ့မှာ ဖြစ်ဖို့ များပါတယ်” ဟု မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦဦးလှစောက ပြောကြားသည်။

ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် မေယုဒေသ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာအနေထားကို ရောက်ရှိနေသဖြင့် ယခုအဆိုကို လွှတ်တော် ကိုယ်စားလှယ် အများအပြားကဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဦးဦးလှစောက ပြောဆိုသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...