စက်သုံးဆီစျေး မြင့်တက်သည့်အတွက် မိုးညှင်းမြို့နယ်၊ ချောင်းဝကျေးရွာက တောင်သူများ၏ စပါးစိုက်ပျိုးမှုနှုန်း အရင်နှစ်ထက် ထက်ဝက်ခန့်ကျဆင်း

စက်သုံးဆီစျေး မြင့်တက်သည့်အတွက် မိုးညှင်းမြို့နယ်၊ ချောင်းဝကျေးရွာက တောင်သူများ၏ စပါးစိုက်ပျိုးမှုနှုန်း အရင်နှစ်ထက် ထက်ဝက်ခန့်ကျဆင်း

စက်သုံးဆီစျေးနှုန်း မြင့်တက်ခဲ့တဲ့အတွက် မိုးညှင်းမြို့နယ်၊ ချောင်းဝကျေးရွာက တောင်သူတွေ လယ်စိုက်ချိန်စပါးစိုက်ပျိုးမှုနှုန်းဟာ ခါတိုင်းနှစ်ထက် ထက်ဝက်လောက်ကျဆင်းသွားရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တစ်ပေပါကို ၆ သိန်းကျော်လောက်ရှိခဲ့တဲ့အတွက် လယ်ဧကအားလုံးကိုထွန်ယက်ဖို့အလုံအလောက် မဝယ်ယူနိုင်တာကြော့င့် ရသလောက်ပဲ စိုက်ပျိုးခဲ့ရတယ်လို့ တောင်သူအမျိုးသားတစ်ဦးကဆိုပါတယ်။

“ကျွန်တော်မိသားစုမှာ လက်ရှိကျွန်တော်ဧက ၃၀၀ ကျော်မှာ စိုက်နိုင်တာ ဧက ၆၀/၇၀ဝန်းကျင်လောက်ပဲစိုက်နိုင်တော့တယ်။ တော်တော်ကျသွားတယ်၊ ခါတိုင်းနှစ် ဆိုရင်ကျွန်တော်တို့ လယ် ၃ စက်လောက်မောင်းရတယ်၊ ရပြီ၊အခုက ၅ စက်လောက်မောင်းရတယ်၊ တစ်စက်ကိုခါတိုင်းနှစ်က တစ်ဂါလံလောက်ကုန်ရင်၊ အခုက ၃ ဂါလံလောက်ကုန်တာဆိုတော့ ကျွန်တော်တို့ အဲဒီမှာလက်လှမ်းမမှီ နိုင်တော့တာ”လို့ ဆိုပါတယ်။

တောင်သူတွေအနေနဲ့ လယ်ဧကအားလုံးကို စိုက်ပျိုးနိုင်ဖို့ အတွက် နွေရာသီမှာ အရင်းအနှီးအနေနဲ့ မျှော်လင့်ပြီးစိုက်ပျိုးထားတဲ့ ပဲပုတ်စိုက်ခင်းကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အပျက်အစီးတွေ များသွားတဲ့အတွက်ပြန်လည်ရောင်းချချိန်မှာ ဈေးကောင်းမရခဲ့ဘူးလို့လည်း သိရပါတယ်။

အရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ ဆီဈေးကလည်း ခါတိုင်းနှစ်ထက် ထက်ဝက်လောက် ဈေးမြင့်တက် သွားတဲ့အတွက်လိုအပ်သလောက် ဝယ်ယူလို့မရတော့တဲ့ အတွက်ကြောင့် လယ်ဧကအားလုံးကို စပါးမစိုက်ပျိုးနိုင်တာ ဖြစ်တယ်လို့တောင်သူတစ်ဦး ကပြောပါတယ်။

“ဆီဈေးတအားကြီးတော့ တောင်သူတွေ လိုက်မမှီနိုင်တော့တာ။ ပြီးတော့ တောင်သူတွေရဲ့ မျှော်လင့်ချက်ကတော့ပဲပုတ်လုပ်တာ ရောင်းပြီးတော့ အရင်းအနှီးလုပ်မယ်ဆိုတော့ ရာသီဥတုကလည်း ဖောက်ပြန်တယ်ဆိုတော့ မိုးကအမြဲတမ်းမရွာ၊ ပဲပုတ်ကလည်းရှုံးဆိုတော့ လယ်တွေမလုပ်နိုင်ကြတော့တာလေ”

ဒါအပြင် လက်ရှိစိုက်ပျိုးထားနိုင်တဲ့ စပါးခင်းတွေမှာ မြေဆီမထည့်နိုင်တဲ့အပြင် ရာသီဥတုဒဏ်တွေကြောင့် ဒီနှစ်မှာ စပါးအထွက်နှုန်း ရာနှုန်းပြည့် ပြန်ရရှိနိုင်ဖို့ မျှော်လင့်ချက်မရှိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ မြေဆီ တစ်အိတ်ကို ၁ သိန်းကျော်ရှိနေပြီး ကျန်တဲ့ စပါးခင်အတွက်လိုအပ်တဲ့ ဆေးဝါတွေကလည်း နှစ်ဆလောက်မြင့်တက်နေတဲ့အတွက် တောင်သူတွေအနေနဲ့ ဝယ်ယူနိုင်ခြင်း မရှိပါဘူး။

အခုလို အခက်အခဲတွေကြောင့်  လာမယ်နှစ်မှာတော့ အခြားဒေသတွေမှာ ဆန်၊ စပါးမလုံလောက်တဲ့ပြဿနာနဲ့ရင်ဆိုင်လာနိုင်တယ်လို့လည်း တောင်သူတစ်ဦးကဆိုပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...