မြောက်ဦးမြို့နယ် ရန်အောင်ပြင် အလက(ခွဲ) ကျောင်းအုပ်ဆရာကြီးအား တပ်မမှူးအပါအဝင် တပ်ရင်းမှူး အဆင့်ရှိသူများမှ သုံကြိမ်တိတိ စစ်ဆေးမှုရှိဟုဆို

မြောက်ဦးမြို့နယ် ရန်အောင်ပြင် အလက(ခွဲ) ကျောင်းအုပ်ဆရာကြီးအား တပ်မမှူးအပါအဝင် တပ်ရင်းမှူး အဆင့်ရှိသူများမှ သုံကြိမ်တိတိ စစ်ဆေးမှုရှိဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရန်အောင်ပြင် (မြိုတိုင်းရင်းသားကျေးရွာ) အလက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန်းအား တပ်မတော်မှ တပ်မမှူးအပါအဝင် တပ်ရင်းမှူး အဆင့်ရှိသူများမှ သုံးကြိမ်တိတိ လာရောက်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ ဒီလ ရ ရက် နံနက် ၅ နာရီ ကျော်လောက်မှာ ခမရ ၅၄၀ က ဒုတပ်ရင်းမှူးနဲ့ နောက်တစ်ယောက် လာရောက် စစ်ဆေးပါတယ်။ နောက်တစ်နေ့ ပြီးရင် သြဂုတ် ၉ ရက်နေ့ မှာ ခမရ ၅၄၀ တပ်ရင်းမှူးနဲ့ စခန်းမှူးဆိုသူ တစ်ဦးတို့ လာရောက်ပြီး အေးအေဆေးဆေး မေးမြန်း စစ်ဆေးပါတယ်။ ၁၁ ရက်နေ့မှာတော့ ကျောက်တော် တပ်မမှူးက ရန်အောင်ပြင်ရွာကို လာရောက်စစ်ဆေးပါတယ်” ဟု စစ်ဆေး မေးမြန်းခံရသူ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန်းက နိရဥ္စရာသို့ ပြောဆိုသည်။

စစ်ဆေးသည့် တပ်မမှူး အပါအဝင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရဲအရာရှိများ၏ အမည်ကို မသိရှိကြောင်း၊ စစ်ဆေးစဉ်အတွင်း ဆရာကြီး ဦးမောင်မောင်သန်းအား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်သည့် မေးခွန်းများကို မေးမြန်းကြောင်း သူက ပြောကြားသည်။

“ ပထမတော့ ကုလားဆိုးတွေ ရောက်လား။ လက်နက်ကိုင် အဖွဲ့တွေ ရောက်လာအဲသလို မေးပါတယ်။ အေအေတို့၊ ၁၂၀ အင်အားရှိတဲ့ အဖွဲ့တို့ ရောက်လား မေးပါတယ်။ လူပ်ရှား တာတွေကို ကြားလား၊ အဲသလို မေးပါတယ်။ မေးတဲ့ အခါတိုင်း ဒီလိုမျိုးဘဲ မေးကြပါတယ်။ ကျွန်တော်ကတော့ မသိဘူးလို့ ပြောလိုက်ပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောသည်။

ကျောက်တော် အခြေစိုက် တပ်မမှူး လာရောက်စစ်ဆေးရာတွင်လည်း ထိုသို့ အလားတူ မေးမြန်းမှုများရှိခဲ့ပြီး ထူးခြားသည်မှာ သူ၏ ညီအစ်ကို မောင်နှမ အခြေအနေများကိုလည်း မေးမြန်းကြောင်း ဦးမောင်မောင်သန်းက ပြောဆိုသည်။

၎င်းပြင် ရန်အောင်ပြင် အလက (ခွဲ) တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ၄ ဦးအားလည်း ရန်အောင်ပြင်ရှိ ဆရာမများ အဆောင်သို့ လာရောက်ပြီး တပ်ရေးဗိုလ်ကြီး တစ်ဦးက လာရောက် စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

“ ဆရာမတွေကို မေးတာကတော့ ဆရာကြီး ဘယ်ကိုသွားလဲ။ ဘယ်ကလာလဲ။ ဆရာကြီးဆီကို ဘယ်သူတွေ လာသလဲ။ ဒီအပတ်အတွင်းမှာ ဆရာကြီး ဘယ်ကိုသွားသလဲ။ အဲသလို မေးတယ်လို့ ပြောပါတယ်” ဟု ဆရာမများကို မေးမြန်းခံရမှုနှင့် ပတ်သက်ပြီး ဆရာကြီး ဦးမောင်မောင်သန်း က ပြောဆိုသည်။

ထိုသို့ စစ်ဆေးမှုများရှိနေသဖြင့် သူ့အနေနှင့် စိုးရိမ်မှုများ ရှိနေကြောင်း ဆရာကြီး ဦးမောင်မောင်သန်းက နိရဥ္စရာ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသဖြင့် မြောက်ဦးမြို့မ စခန်းမှူး ရဲမှူး သက်နိုင်အေးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ဖြစ်စဉ်ကို သူတို့ မသိရှိကြောင်း၊ သူတို့ ထံမှ တစ်ဦးမှ သွားရောက်စစ်ဆေးမေးမြန်းမှု မရှိကြောင်း ဖြေကြား ပြောဆိုသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...