ဦးဂျင်မီအပါ (၄) ဦးအား သေဒဏ်စီရင်သည့်အပေါ် ပြစ်တင်ရှုံချကြောင်း KPICT ထုတ်ပြန်

ဦးဂျင်မီအပါ (၄) ဦးအား သေဒဏ်စီရင်သည့်အပေါ် ပြစ်တင်ရှုံချကြောင်း KPICT ထုတ်ပြန်

(၈၈)ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးသူရဇော်တို့ လေးဦးကို သေဒဏ်စီရင် လိုက်တဲ့အပေါ် Kachin Political Interim Coordination Team (KPICT)ကနေ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတယ်လို့ဇူလိုင်လ(၂၆)ရက်နေ့မှာသဘောထား ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုနဲ့ အာဆီယံ(ASEAN)အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြိမ်ကြိမ် မေတ္တာရပ်ခံ တားမြစ်ခဲ့တဲ့ ကြားကနေ အခုလို သေဒဏ် ချမှတ်စီရင်တာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကိုလိုလားတဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာကို မထီမဲ့မြင်ပြုတာ ဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာ်သော်၊ ဦးလှမျိုးအောင်နဲ့ ဦးသူရဇော်တို့ လေးဦးကို သေဒဏ်ချမှတ် ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကနေ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှာ သတင်းထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(AA)ကလည်း နိုင်ငံတကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံ အသိုင်းအဝိုင်းကနေ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာ  ဖြေရှင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေးအလားအလာ လမ်းစကောင်းတွေကို နစကကနေ ရင်းသီးစွာ ခြေဖြင့်နင်းခြေဖျက်ဆီး ပြလိုက်တယ်လို့ ရှုမြင်သုံးသပ်မိတဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဗိုလ်ချုပ် ဂွမ်မော်ကလည်း အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးသက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မှတ်ချက်ပြုထားပြီးပြည်တွင်းအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံတကာကလည်း ပြစ်တင်ရှုံချထားပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...