ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ကြံခိုင်ရေးပါတီဥက္ကဌ ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ကြံခိုင်ရေးပါတီဥက္ကဌ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးသိန်းငွေ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင် ၂၄ ရက် နေလည် ၁ နာရီ အချိန်ဝန်းကျင်က မုက္ခမူကျေးရွာ မိုက္ကကိုဝေ့ တာဝါတိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က နေ့လည်ပိုင်းအချိန်ကြီးပဲ သေနတ်ဖြင့် ပစ်သွားတာ။ ဆေးရုံတော့ ပို့မမီတော့ဘူး။ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်"ဟု ၎င်းက ပြောသည်။

ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းကို ကျိုက်ထို ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်လာကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျိုက်ထိုမြို့နယ်အတွင်းနှင့် ကျိုက်ထိုမြို့အဝင်အထွက်များကို လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) အနေဖြင့် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မည်သည်အဖွဲ့အစည်းနှင့်မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မှာ မဟုတ်သလို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိပါကလည်း ပြည်သူလူထုကို အသိပေးဖော်ပြပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...