ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကိုသေဒဏ်ချမှတ်တာကြောင့် ရှေ့ဆက်မြန်မာနိုင်ငံအခြေအနေပိုမိုဆိုးရွားလာဖို့သာရှိတယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကထုတ်ပြန်

ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကိုသေဒဏ်ချမှတ်တာကြောင့် ရှေ့ဆက်မြန်မာနိုင်ငံအခြေအနေပိုမိုဆိုးရွားလာဖို့သာရှိတယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် အရပ်သား ၄ ဦးကိုသေဒဏ်ချမှတ်တာကြောင့်ရှေ့ဆက်မြန်မာနိုင်ငံအခြေအနေပိုမိုဆိုးရွားလာဖို့သာရှိတယ်လို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဇူလိုင် ၂၅ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ထုတ်ပြန်ချက်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့ထုတ်ဝေသည့် စစ်ကောင်စီ၏သတင်းစာများတွင် “သေဒဏ်ကျခံမည့် အကျဥ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း” သတင်း ရေးသားဖော်ပြချက်အား ဖတ်ရှုသိရှိရသဖြင့် မိမိတို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် များစွာတုန်လှုပ်မိပါသည်။ အထူးသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိဘဆွေမျိုးများ နှင့်ထပ်တူ များစွာ ဝမ်းနည်းကြေကွဲရပါသည် လို့ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း သတင်းရေးသားဖော်ပြချက်အတိုင်းမှန်ကန်ပါက ယင်း လုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့်ပြည်သူများ၏ ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြုငြင်းပယ်လိုက်ခြင်းဖြစ်သည်သာမက၊ စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့်အထွေထွေနိုင်ငံရေးအခြေအနေကို တရားမျှတစွာဖြေရှင်းလိုစိတ်မရှိဘဲ ဖိနှိပ်ဖြေရှင်းရန်သာဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်းဖော်ပြနေခြင်းပင်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် မိမိတို့ကောင်စီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခု ကဲ့သို့ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီ အပေါ်ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက်မြန်မာနိုင်ငံ၏အခြေအနေ သည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း အလေးအနက်သတိပေးထုတ်ပြန်အပ်ပါသည် လို့ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီရဲ့ဇူလိုင် ၂၅ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ချင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ၊ချင်းပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ပြည်တွင်းပြည်ပက ချင်းအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ၂၀၂၁ ခုနှစ်မှာဖွဲ့စည်းထားတာဖြစ်ပါတယ်။

Most read this week

Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...
April 20, 2024
မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို Northern Brothers People’s Defense Forces အဖွဲ့က ဒီနေ့ ဧပြီလ...
April 19, 2024
ချင်းပြည်နယ် ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအနီးအနားတွေမှာနေထိုင်တဲ့ ပြည်သူတွေ...
Photo By MOI
April 18, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျ နေတဲ့ အကျဉ်းသူ/အကျဉ်းသား (၃၃...