စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ဆယ်ဇင်းကျေးရွာက အမျိုးသား(၅) ဦးအနက် (၃) ဦးကိုသာ ပြန်လွှတ်ပေး

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ဆယ်ဇင်းကျေးရွာက အမျိုးသား(၅) ဦးအနက် (၃) ဦးကိုသာ ပြန်လွှတ်ပေး

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ရွာသား (၅) ဦးထဲကနေ (၃) ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က စစ်ကောင်စီဘက်ကနေ ဆယ်ဇင်းကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်းရွာသူ/သားတွေရဲ့ ဖုန်းတွေကို လိုက်လံစစ်ဆေးခဲ့ပြီး အသက် (၂၀) ဝန်းကျင်ရှိတဲ့ ရွာသား (၄) ဦးနဲ့ အသက် (၅၀) ဝန်းကျင်ရှိတဲ့ ရွာသား တစ်ဦး စုစုပေါင်း (၅) ဦးကို ဖမ်းဆီးသွားခဲ့ပြီး (၃) ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီးတော့ လက်ရှိအချိန်ထိ (၂) ဦးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရွာသူ/ ရွာသားတွေရဲ့ ဖုန်းတွေ ကြည့်ပြီး စုစုပေါင်း သူတို့ (၅) ယောက်ခေါ်သွားတယ်။ (၃) ယောက်ပြန်လွှတ်ပေးခဲ့တယ်။ (၂) ယောက်ကတော့ ဖမ်းခေါ်ထားတုန်းပေါ့နော်” လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ ရွာသား (၂) ဦးမှာ အသက် (၂၀) ဝန်းကျင်ရှိသူနဲ့ (၂၅) ဝန်းကျင်ရှိသူ အမျိုးသား (၂) ဦးဖြစ်ပြီး အဲဒီ (၂) ဦး ထဲကနေ တစ်ဦးမှာ PDF ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ့ရှိတာကြောင့် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လွတ်မြောက်နိုင်ခြေ မရှိနိုင်ဘူးလို့ ဒေသခံက ဆက်လက်ပြောပါတယ်။

“ အဲဒီနှစ်ယောက်ကိုက ပြန်မလွှတ်ဖို့ သေချာသလောက်ဖြစ်သွားပြီ။ ကလေးတစ်ယောက်က သူ့သူငယ်ချင်းရဲ့PDF အဝတ်စားနဲ့ ဓာတ်ပုံ သူ့ဖုန်းထဲမှာတွေ့တော့ ဘယ်လိုမှ ရွာလူကြီးတွေလည်း ညှိနှိုင်းပေးလို့ မရတော့တာပေါ့နော်။ သူက PDF တော့ မဟုတ်ဘူး။ အခု (၂) ယောက်ကတော့ သူတို့လိုချင်တဲ့ အဆက်စပ်ရှိတယ်ဆိုပြီး ဖမ်းထားတယ်။ ပြန်လွှတ်ဖို့တော့ မလွယ်တော့ဘူး” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာဟာ အိမ်ထောင်စု (၁၀၀၀) ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိချိန်မှာတော့ စစ်ကောင်စီရဲ့  တပ်မ (၃၃) ကနေ စခန်းချ နေထိုင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...