မူးယစ်ဆေးဝါးနယ်စပ်ဖြတ်ကျော် သယ်ယူရောင်းချခြင်းကိုအရေးယူမယ်လို့ CNO က သတိပေးထုတ်ပြန်

မူးယစ်ဆေးဝါးနယ်စပ်ဖြတ်ကျော် သယ်ယူရောင်းချခြင်းကိုအရေးယူမယ်လို့ CNO က သတိပေးထုတ်ပြန်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် သူ/သားတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုကို လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့်ကောင်းယူ ကိုယ်ကျိုးရှာပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ နယ်စပ်ဖြတ်ကျော် သယ်ယူနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့   ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) က ဇူလိုင်လ (၂၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းကို မူးယစ်ဆေးဝါးနဲ့  စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုးအမြောက်အများကို ယခုရက်ပိုင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများကို သတင်းများမှာ ရှက်ဆုပ်ဖွယ်တွေ့နေရကြောင်းနဲ့ သယ်ယူရောင်းချခြင်းမပြုလုပ်ရန်လည်း ချင်းအမျိုးသားအဖွဲ့ချုပ်က ဇူလိုင် ၂၀ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားပါတယ်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ချင်းပြည်သူ စစ်ဘေးရှောင်ရင်း ဝင်ရောက်ခိုလှုံနေကြတဲ့ အခြေအနေနဲ့ မီဇိုရမ်ပြည်နယ် သူ/သားတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုကို လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့်ကောင်းယူ ကိုယ်ကျိုးရှာသူတွေကို မီဇိုရမ်ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချခြင်း လုပ်ဆောင်နေကြခြင်းကို CNO/ CNDF အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချခြင်း လုံးဝမပြုရန်နဲ့ လိုက်နာခြင်းမရှိပါက CNO/CNDF  ကနေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...