အကြောင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ပြန်လာရန် ခက်ခဲနေ

အကြောင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ပြန်လာရန် ခက်ခဲနေ

အကြောင်းရင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံကို ရောက်ရှိနေသူတွေဟာ မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ပြန်လာလို့မရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ တရုတ်နိုင်ငံကို ရောက်ရှိနေသူတွေ ဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့အတွက် တရုတ်နိုင်ငံက ရဲစခန်းတွေမှာ စာရင်းသွားပေးထားပေမယ့် မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာတွေကနေ လက်ခံမယ်လို့ ပြောဆိုလာတာမျိုး မရှိတာကြောင့် မပြန်နိုင်သေးတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အိမ်ပြန်ချင်ပေမယ့် ရဲစခန်းမှာ နာမည်သွားထည့်ထားရင်‌တောင် မြန်မာနိုင်ငံက လက်မခံရင် ကျွန်မတို့မပြန်နိုင်ဘူး။ သူများတွေနာမည်သွားထည့်ထားတာတောင် အရမ်းများတယ်၊ မြန်မာနိုင်ငံကလက်မခံကြဘူးတဲ့ အဲဒါကြောင့် အိမ်ပြန်လို့မရဘူး ဖြစ်နေတယ်။”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတချို့က မနှစ်ကတည်းက နာမည်စာရင်းသွင်းထားကြပေမယ့် အခုထိ ပြန်ခွင့်မရကြသေးဘဲ မြန်မာနိုင်ငံသားတွေ အပြင်းဖျားတာတွေ ရှိရင်တော့ ပြန်ခွင့်ပေးတယ်လို့လည်း ဆိုပါတယ်။

တရုတ်နဲ့မြန်မာနယ်စပ်ဂိတ်တွေနဲ့  လက်ခံခြင်းမရှိဘူးဆိုရင်တော့ အိမ်ပြန်လာချင်ကြတဲ့ ပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံမှာပဲ အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ဘဲ နေနေရတယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို မြစ်ကြီးနားသတင်းဂျာနယ်က  ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ကချင်ပြည်နယ်က နေ့တိုင်းလက်ခံနေတယ်လေ၊ ၂၀၀၀ ဝန်းကျင်တောင်မှလက်ခံပြီးပြီ။ တောက်လျှောက်လက်ခံနေတယ်၊ ပြည်နယ်ရဲ့ ရှိတဲ့ရန်ပုံငွေတွေနဲ့၊ သူတို့ကို လက်ခံနေတာပဲလေ၊ စရင်းတင်ထားတာ တရုတ်တွေပို့မှ နယ်စပ်ကိုရောက်လာမှာကိုး၊ နယ်စပ်ကိုရောက်လာမှ ကျွန်တော်တို့က ကန်ပိုင်တီကလက်ခံမှာကိုး။”လို့ ဆိုပါတတယ်။

စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံက ပြန်လာမယ် မြန်မာနိုင်ငံအနှံက ပြည်သူတွေကို မနှစ်ကတည်းက ကန်ပိုင်တီ တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုတည်းမှ လက်ခံနေတာဖြစ်ပြီး တစ်ကြိမ်ကို အယောက် ၃၀၀  လက်ခံနေတယ်လို့လည်း ဦးခက်ထိန်နန်က ဆိုပါတယ်။

“ကန်ပိုင်တီမှာ တစ်ခါလက်ခံရင် ကျွန်တော်တို့က ၃၀၀ ထက်တော့ ပိုလက်မခံနိုင်ဘူး။ဘာကြောင့်လဲဆိုရင် ထားဖို့နေရာမရှိလို့လေ။ ကွာရန်တင်းထားရတာကိုး၊တစ်ခါကွာရန်တင်းထားရင် အယောက် ၃၀၀ လောက်တော့ ကျွန်တော်တို့ စီမံခန့်ခွဲလို့ရတာပေါ့။ သူတို့ကို ကျွေးမွေးရ၊ နောက်တစ်ခါ လမ်းစရိတ်မရှိဘူးဆိုရင် စီစဉ်ပေးရတယ်။”လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကနေ စာရင်းပေးပို့လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀၀၀ အပြင် စရင်းပေးထားတာ မရှိဘဲပို့ဆောင်လာသူတွေကိုလည်း စစ်ကောင်စီဘက်ကနေ လက်ခံနေပြီး ပြည်နယ်အတွင်းကနေ ရရှိတဲ့ ရန်ပုံငွေကိုအသုံးပြုပြီး လက်ခံဆောင်ရွက်ပေးနေတယ်လို့ဦးခက်ထိန်နန်က ပြောပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံကို ပြန်လာတဲ့သူတွေထဲမှာ အဖမ်းခံရပြီး ထောင်ကျခဲ့သူတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...