တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်လယ်တောဘက် သွားလိုက်သည့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်လယ်တောဘက် သွားလိုက်သည့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ဂေါ်ဆက်ယန် ကျေးရွာက အမျိုးသားတစ်ဦး နန်ဇော်ယန်ဘက်က လယ်တောဆီ သွားရင်း လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။

အသက်(၃၀)နှစ်အရွယ် ဦးလဒိန်ဟာ KIAနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တပ် စစ်ရေးတင်းမာနေတဲ့ နန်ဇော်ယန်ဘက်က လယ်တောဆီ ဇူလိုင်လ(၁၈)ရက်နေ့မနက်က သွားရင်းလက်ရှိအချိန်အထိ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဂေါ့ဆက်ယန်က ဟုတ်တယ်။ ကလေးတစ်ယောက် ရှိတဲ့ အိမ်ထောင်သည် ဟုတ်တယ်။ တနလင်္ာနေ့မှာ သွားလိုက်တာ။ ဒီနေ့အထိ ပြန်ပေါ်လာတာ မရှိတော့ဘူး။ တောင်ယာသွားတာပေါ့။ နန်ဇော်ဘက် ဝါရှောင်အနီး လယ်နောက်ဘက် ပစ္စည်းသွားယူတာ။ စစ်တပ်နဲ့ တွေ့တာနေမှာ။ သူတစ်ယောက်ထဲပဲ။ သတင်းလည်း မကြားဘူး။ ဆိုင်ကယ်က ဒီမနက်မှာမှ သွားယူတာ။ "လို့ သူက ပြောပါတယ်။

 အဲဒီအမျိုးသားစီးသွားတဲ့ ဆိုင်ကယ်ကို ဒီကနေ့မနက်မှာတော့ လယ်ကွင်းနားမှာ တွေ့ရှိခဲ့ပေမယ့် လူတော့ မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးရဲ့ သုံးသပ်ချက်အရ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိပ်တိုက်တွေ့ဆုံတာကြောင့် ခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားဟာ "မိဘမေတ္တာ"အမည်နဲ့ ဆိုင်ကယ် ဝပ်ရှော့ ဖွင့်ထားသူ တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

နန်ဇော်ယန်ကျေးရွာဘက် လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...