တမူးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေက အမျိုးသား ၂ ဦးအတူဆိုင်ကယ်စီးလာသူများကို စစ်ဆေးတာတွေလုပ်ပြီး မတရားငွေညစ်နေတယ်လို့ ဒေသခံတွေကပြော

တမူးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေက အမျိုးသား ၂ ဦးအတူဆိုင်ကယ်စီးလာသူများကို စစ်ဆေးတာတွေလုပ်ပြီး မတရားငွေညစ်နေတယ်လို့ ဒေသခံတွေကပြော

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ယမန်နေ့ ဇူလိုင်လ(၁၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက စော်ဘွားလေး ၊စျေးတန်းဝန်းကျင်မှာ အမျိုးသား ၂ ဦးအတူဆိုင်ကယ်စီးလာသူတွေကို စစ်ဆေးတာတွေလုပ်ပြီး မတရား ငွေညစ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

တမူးမြို့  စော်ဘွား(၄)၊စျေးတန်းအစရှိတဲ့နေရာတွေမှာ အခုလို ဆိုင်ကယ်စီးလာတဲ့သူတွေကို စစ်ဆေးမှုအများဆုံးပြုလုပ်လိမ့်ရှိပြီး ၊ ဆိုင်ကယ်တစ်စီးမှာ အမျိုးသား (၂)ယောက်စီးလာသူတွေကို အဓိက စစ်ဆေးတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“သူတို့တွေက လိုင်စင်၊ ဦးထုပ်မဆောင်းတာတွေနဲ့ ယောကျ်ားနဲ့မိန်းမ(၂)ယောက်စီးလာတဲ့ဆိုင်ကယ်ကို မစစ်ဘူး၊ ယောကျာ်းလေး(၂)ယောက်စီးလာတဲ့ ဆိုင်ကယ်တွေကိုပဲအဓိကစစ်တယ်၊ ပြီးရင် ရဲစခန်းမှာ လာရွေးခိုင်းတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလို အမျိုးသား(၂)ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဖမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင်တွေကို သက်သေအဖြစ်အာမခံခိုင်ပြီးမှ ဒဏ်ငွေအဖြစ် (၃၀၀၀၀)ခန့် ပေးဆောင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့က မနေ့ညနေပိုင်းမှာ ဖုန်းဆက်ပြီးတော့ ဒီနေ့ မနက်(၈)နာရီမှာလာရွေး ၊လက်မှတ်ထိုးပြီးရင် လာထုတ်လို့ရတယ်လို့ပြောတယ်၊ ဟိုရောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရှိလာလို့မေးတယ် ၊ ရှိရင် သက်သေအနေနဲ့ခေါ်ပြီးသွားထုတ်လို့ရတယ် ၊တကယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိရင် ပြည်သူ့စစ် ပျူစောထီးထဲက တစ်ယောက်ကိုခေါ်ပြီးမှ သွားထုတ်ရတယ်၊ သွားထုတ်တဲ့ချိန် ရဲစခန်းကို (၂၀၀၀၀)နဲ့ သက်သေခံပေးတဲ့ ပျူစောထီးကို (၁၀၀၀၀)ပေးရတယ်လို့ “အမည်မဖော်လိုသူတစ်ဦးကအခုလိုပြောပါတယ်။

     

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဆိုင်ကယ်နှစ်ယောက်စီးလာတဲ့အမျိုးသားတွေရဲ့ဆိုင်ကယ် ဖမ်းဆီးတာနဲ့ပတ်သက်လို့ ဆိုင်ကယ်(၁)စီးကို အမျိုးသားနှစ်ဦးမစီးရ ဉပဒေထုတ်ပြန်ထားတာတွေလဲမရှိဘူးလို့သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...