ရှဒူးဇွပ် KIA တပ်စခန်းကို ပြည်သူ့စစ်က တိုက်ခိုက်ခဲ့ပြီး KIA ဘက်မှ နှစ်ဦးကျဆုံး

ရှဒူးဇွပ် KIA တပ်စခန်းကို ပြည်သူ့စစ်က တိုက်ခိုက်ခဲ့ပြီး KIA ဘက်မှ နှစ်ဦးကျဆုံး

ဖားကန့်မြို့နယ်၊ဝါရာဇွပ်ကျေးရွာအုပ်စု၊  ရှဒူးဇွပ်  ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်စခန်းတစ်ခုကို ရှမ်းနီပြည်သူ့စစ်‌တွေကနေ မနေ့က မနက်ပိုင်းမှာ လာရောက် ခိုက်ခဲ့တာကြောင့် KIAတပ်သား နှစ်ဦးကျဆုံး သွားတယ်လို့သိရပါတယ်။

ရှဒူးဇွပ် ရွှေမှော်ဘက်က KIAတပ်စခန်း ငယ်ကို ရှမ်းနီပြည်သူ့စစ်က လာရောက်တိုက်ခိုက်ခဲ့တာဖြစ် ပြီး နှစ်ဖက်တပ် ထိခိုက်သူတွေရှိတယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အထက်ပါ သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ တိုက်ခိုက်ခံရတဲ့ KIAဘက်က တပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တာအပြင် သေနတ်(၄)လက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က လာတိုက်တာပေါ့။ တပ်စခန်းက ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ။ KIAစခန်းငယ်တစ်ခုပါပဲ။ သေနတ်(၄)လက်ပါသွားတယ်"လို့ သူက ပြောပါတယ်။

အဲဒီ တပ်စခန်းဟာ ရှဒူးဇွပ်ကျေးရွာကနေ ဆိုင်ကယ်နဲ့ တစ်နာရီကြာ သွားရတယ်လို့လည်း ဆိုပါတယ်။

အဲဒီနယ်မြေတွေဟာ KIAတပ်ရင်း(၁၄)ရဲ့ နယ်မြေအတွင်းက နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်၊ဝါရာဇွပ်ကျေးရွာအုပ်စု၊  ရှဒူးဇွပ်နဲ့ နောင်းမီကျေးရွာကြား စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စစ်သားတွေ မကြာခဏ စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...