ကိုင်ကြီးရွာသားရှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြိုအမျိုးသားဒီမိုကရေစီပါတီမှ ကြေညာချက်ထုတ်

ကိုင်ကြီးရွာသားရှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြိုအမျိုးသားဒီမိုကရေစီပါတီမှ ကြေညာချက်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ရ ဦး သြဂုတ်လ ၃ ရက်နေ့က သတ်ဖြတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး မြိုအမျိုးသားဒီမိုကရေစီပါတီမှ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

သြဂုတ်လ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုင်းကြီးရွာသားများအပေါ် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ မြိုတိုင်းရင်းသားများနှင့် ဘဝတူ ညီအစ်ကို တိုင်းရင်းသားများ၏ ဘဝလုံခြံုရေး အသက်ရှင်ရပ်တည်ရေးကို အစိုးရနှင့် အောက်ခြေအဆင့်မှ ကာကွယ်ပေးရန်လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ပြီး ပြည်သူသို့ ရှင်းလင်းပေးရန်နှင့် လုံခြံုရေး ကင်းစခန်းများကို တိုင်းရင်းသား ကျေးရွာများတွင် တိုးမြင့်ချထားပေးရန် တောင်းဆိုကြောင်း စသည့် အချက်များ ပါ၀င်သည်။

“ကျွန်တော်တို့ လူနည်းစုတိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ဒေသမှာ လုံလုံခြံုခြံုနေနိုင်ဖို့ လုံခြံုရေး စီမံချက်တွေကို သက်ဆိုင်ရာကနေ စနစ်တကျ ချမှတ် အကောင်အထည်ဖေါ်ပေးဖို့ လိုအပ်နေတဲ့ အတွက် အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု မြိုအမျိုးသားဒီမိုကရေစီပါတီမှ အတွင်းရေးမှူး ကိုဌေးဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

Narinjra Myo

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...