နမ္မတီးရဲစခန်း မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်

နမ္မတီးရဲစခန်း မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရဲစခန်း လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခံခဲ့ရပြီး စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။  

မနေ့က ဇူလိုင်လ ၁၇ ရက်နေ့ည ၉ နာရီခွဲလောက်က နမ္မတီးရဲစခန်းကို ဆိုင်ကယ်နဲ့ မိုင်းတစ်လုံး လာပစ်သွားတာဖြစ်ပြီး ပေါက်ကွဲပြီးတဲ့နောက် လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မနေ့က ညပိုင်း ၉ နာရီခွဲအချိန်လောက်ပေါ့။ ဒီနမ္မတီးရဲစခန်းကို လက်လုပ်မိုင်းတစ်လုံး ဆိုင်ကယ်နဲ့ပစ်သွားတာ။အဲဒီပေါက်ကွဲမှုအပြီးမှာ သူတို့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ရမ်းပစ်တယ်လို့ကြားတယ်။ “ လို့ ဒေသခံကဆိုပါတယ်။

ဒါ့အပြင် နမ္မတီးမြို့စည်ပင်သာယာရေးရုံး ဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ မပေါက်ကွဲသေးတဲ့မိုင်းတစ်လုံးကိုလည်း ဒီကနေ့မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်းက ထိခိုက်ပျက်စီးမှုတွေကို မသိရှိရသေးသလို အခုလို ရဲစခန်း ဖောက်ခွဲခံရတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကလည်း နမ္မတီးမြို့ ၊ ရွှေဝါရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးရဲ့ နေအိမ်မှာ  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...