ရက္ခိုင့်တပ်တော်(AA)ကို လစဉ် ဆက်ကြေး ပေးနိုင်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ပလက်ဝမြို့နယ်က ပြည်သူတွေကပြော

ရက္ခိုင့်တပ်တော်(AA)ကို လစဉ် ဆက်ကြေး ပေးနိုင်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ပလက်ဝမြို့နယ်က ပြည်သူတွေကပြော

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ပီချောင်းကျေးရွာအုပ်စု တလျောက်ကို ရက္ခိုင့်တပ်တော် (AA)က လစဉ် ရွာတစ်ရွာကို ၁ သိန်းနှုန်းနဲ့ ဆက်ကြေးကောက်ခံတာမျိုးရှိပြီး အဲလိုကောက်ခံတဲ့ပေါ် လစဉ်ပေးနိုင်ဖို့ အခက်အခဲကြုံရတယ်လို့လဲ ပီချောင်းက ဒေသခံတစ်ဦးကပြောပါတယ်။

ပီချောင်းဒေသခံတစ်ဦးက “ကျတော်တို့ရွာက ၁ လကို ၁ သိန်းကောက်တယ် ၁သိန်း အပြည့်တော့မရနိုင်ဘူး ဘာညာဆိုပြီးမှ ၉ သောင်းလောက်ပေးရတယ် ပေးတာတော့ မပေးချင်ဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဆင်မပြေတဲ့သူတွေ ကြပြန်တော့လဲ ကိုယ့်မိသားစု စားဖို့တောင် လုံလုံလောက်လောက်မရှိလို့ ရုန်းကန်နေရတာလေ  သူတို့ကိုလည်း မပေးလို့ကလည်းမရ အဆင်မပြေလည်း ရှာကြံချေးဌားပြီး ပေးနေရတာပေါ့”လို့ပြောပါတယ်။

ပလက်ဝမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်စပ်ဘက်မှာ တည်ရှိတဲ့ ပီချောင်းကျေးရွာအုပ်စုဟာ ကျေးရွာအုပ်စု ၉ အုပ်စုရှိပြီး ရက္ခိုင့်တပ်တော် AA က နယ်မြေစိုးမိုးထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပီချောင်းကျေးရွာအုပ်စု ဒေသခံတစ်ဦးက “ကျတော်တို့ရွာက အိမ်ခြေ ၂၀ ကျော်လောက်ရှိတယ် ဆက်ကြေးကောက်တာနဲ့ ပတ်သက်လို့ ကျတော်သိသလောက် ပီချောင်းဘက်မှာ  ခဝဲအုပ်စုမှာက အိမ်ခြေက ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ် သူတို့ ဆီမှာက ၂ သိန်းကောက်တယ်လို့ သိရတယ် ကျန်တဲ့ရွာတွေက ၁ သိန်းဆီပဲလို့ကြားတယ်”လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ကအခုလို ဆက်ကြေးကောက်ခံနေတာနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ဘက်ကို ဒေသခံအချို့က အသိပေးတိုင်ကြားတာမျိုးလဲရှိတယ်လို့ ပလက်ဝမြို့ဒေသခံတစ်ဦးထံက သိရပါတယ်။

ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက “ရက္ခိုင့်တပ်တော် AA ကို လတိုင်းပေးနေရတယ်  အဲ့လိုဆက်ကြေးပေးနေရတာကြာပြီ  စစ်သားတွေကို သွားပြောတော့လည်း  ပေးလိုက်ပါ မဟုတ်ရင် လုပ်ရကိုင်ရခက်လိမ့်မယ် အဲလိုပဲပြောတယ် အခုထိလည်း ပေးနေရတယ် အဲလိုပေးနေရတာ ၁ နှစ်တော့ကြာပြီ ပီချောင်းတစ်လျောက်ကလည်း AA က‌နယ်မြေစိုးမိုးထားတယ် သွားတာလာတာကအစ AA ကိုအကြောင်းကြားရတယ်”လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA က အခုလိုဆက်ကြေးကောက်ခံနေတာ ဟာ စစ်တပ်အာဏာမသိမ်းခင်က စတင်ကောက်ခံတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တရားဝင်ပုံစံနဲ့ ကောက်ခံနေတယ်လို့ ဒေသခံအချို့ ပြောဆိုနေကြပါတယ်။

ပီချောင်းကျေးရွာအုပ်စုမှာကျေးရွာ ၉ ရွာပါဝင်ပါတယ်။

ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေစတင်ပြီး နှစ်နှစ်နီးပါးအကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ကြပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်တွေ ရပ်စဲထားပြီး လက်ရှိ စစ်ကောင်စီဘက်ကလည်း ရက္ခိုင့်တပ်တော်AA နဲ့ ဆွေးနွေးနိုင်ရေး ကြိုးပမ်းနေလျက်ရှိပါတယ်။

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...