ဝါရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွါးနေ

ဝါရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွါးနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း ( ၃ ) နယ်မြေ နန်ဇော်ယန်ကျေးရွာဘက်သို့  ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၊လီဆူပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမာ်မြို့ စစ်ကောင်စီတပ်ရင်း (၅၈) တပ်ရင်းမှ လက်နက်ကြီးများ ပစ်ကူနေကြောင်း သိရသည်။

ယနေ့ နေ့မနက်ပိုင်း (၁၀ )နာရီ ဝန်းကျင်ခန့်က နန်ဇော်ယန်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားသံများ ကြားနေရပြီး လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရကြောင်း ဝါးရှောင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

" တိုက်ပွဲဖြစ်နေတာတော့ ဒီမနက် (၁၀)နာရီကျော်လောက်ကနေ ကြားနေရပြီ။ လက်နက်ကြီးသံတွေက ခုနကနေ ဆက်တိုက်ကြားနေရတာ။ အကြိမ် (၃၀) လောက်တော့ရှိပြီ။ ဝိုင်းမော်မြို့ က (၅၈) တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ကြားတယ်။ အဲဒီလိုပစ်လို့ ဒီဝါးရှောင်ဘက် လက်နက်ကြီးကျလာမှာဘဲကြောက်နေတာ။ နန်ဇော်နဲ့ ဝါးရှောင်က နီးနီးလေးလေ"ဟု ဒေသခံက ဆိုသည်။

ယင်းအပြင် လက်နက်ကြီးသံများအဆက်မပြတ်ကြားနေရတာကြောင့် ဝူယန်ကျေးရွာ ရှိစာသင်ကျောင်းများမှ ကျောင်းသူ/ သားများအား ကျောင်းဆင်းပေးလိုက်ပြီ ဖြစ်ကြောင်း ဝူယန်ကျေးရွာဒေသခံများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ( ၃ ) နယ်မြေဘက်သို့ စစ်ကောင်စီတပ်ဖွဲ့နှင့် လီဆူပြည်သူ့စစ် ပူပေါင်းအဖွဲ့များသည် ဇူလိုင်လ (၉)ရက်နေ့ က စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကာ ယမန်နေ့ညတွင်လည်း တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...