ရွှေကူမြို့ကျောက်ကြီးကျေးရွာသို့ သွားလိုက်သည့် စစ်ကောင်စီ စက်လှေ(သံခွန်ရှပ်ပြေး) ကို မြို့လှ PDF စောင့်ကြိုပစ်ခတ်

ရွှေကူမြို့ကျောက်ကြီးကျေးရွာသို့ သွားလိုက်သည့် စစ်ကောင်စီ စက်လှေ(သံခွန်ရှပ်ပြေး) ကို မြို့လှ PDF စောင့်ကြိုပစ်ခတ်

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ် မင်းကျောင်းကုန်းကျေးရွာကနေ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာကိုမြစ်ကြောင်းအတိုင်း စက်လှေ (သံခွန်ရှပ်ပြေး ) နဲ့ သွားလိုက်တဲ့ စစ်ကောင်စီစစ်တပ်သားတွေကို မြို့လှ PDF တွေကနေ လမ်းခုလတ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

ဒီကနေ့ နံနက် (၃) နာရီဝန်းကျင်လောက်က အင်အား (၄၀) ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ခမရ (၄၁၅)၊ တပ်မ(၈၈) နဲ့ တပ်မ (၇၇) တို့ကို ဗိုလ်ကုန်းအရှေ့ဘက်ကျွန်းမှာ မြို့လှ PDF တွေ စောင့်ကြိုပစ်ခတ်ခဲ့တဲ့အချိန် ယာဉ်တိမ်းမှောက်သွားခဲ့တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ သူတို့ စီးလာတဲ့စက်လှေက (၁) နာရီခွဲဝန်းကျင်လောက်မှာ မင်းကျောင်းကုန်းကနေ ကျောက်ကြီးကိုလာတာလေလမ်းတစ်ဝက်မှာ ဆီးကြိုတိုက်ခိုက်တာ ခံလိုက်ရတယ်။ အဲဒီစက်လှေကို ပစ်လိုက်တဲ့အချိန်မှာ မော်တော်ပေါက်ပြီးတော့မှမြုပ် သွားတယ်” လို့ နီးစပ်သူက ဆိုပါတယ်။

မော်တော်ယာဉ် တိမ်းမှောက်သွားခဲ့တာကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်များပြီး (၄) ဦးသေဆုံးခဲ့တယ်လို့မြို့လှ PDF ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်တပ်သားတွေ ကျောက်ကြီးကျေးရွာကို (၅) နာရီခန့်ကရောက်ရှိသွားပြီဖြစ်ပြီးတော့ တိမ်းမှောက်ခဲ့တဲ့ ရှပ်ပြေးကို နမူနာအနေနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေကို ပို့ဆောင်တာမျိုးမပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။

လက်ရှိချိန်မှာတော့ စစ်ကောင်စီနဲ့ မြို့လှ PDF အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က အထိအခိုက်ရှိခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီဘက်ကနေ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာမှာကို စိုးရိမ်နေကြပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...