ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသူတွေအတွက် ဆေးဝါးလိုအပ်မှုတွေရှိနေ

ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသူတွေအတွက် ဆေးဝါးလိုအပ်မှုတွေရှိနေ

ကချင်ပြည်နယ်၊ ပူတာအိုဒေသက ဆေးရုံဆေးခန်းမသွားနိုင်တဲ့ ကျေးရွာတွေမှာ မေလကတည်းကနေ ရာသီပေါ်တုပ်ကွေးဖြစ်ပွားတာတွေနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားတာတွေ ရှိနေတာကြောင့် ဆေးဝါးလိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ကြတဲ့ အဲဒီဒေသခံတွေဟာ ငွေရေးကြေးရေး အဆင်မပြေမှုတွေကြောင့် ဆေးရုံဆေးခန်း မသွားနိုင်တဲ့အတွက် ပရဟိတလူမှုရေးကူညီရေးအသင်းတွေမှာ အကူအညီတောင်းလာကြတာဖြစ်ပြီး ဆေးဝါးလိုအပ်နေတယ်လို့ ပန်းဥယာဉ်လူမှုကူညီရေးအသင်း တာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“အဓိကတော့ ဆေးဝါးလိုအပ်တယ်။ ကလေးတွေဝမ်းလျောဝမ်းပျက်ဆေးတွေ သက်ကြီးဘိုးဘွားတွေအတွက် ဗီတာမင်အားဆေးတွေပေါ့။ ပူတာအိုက တောင်သူလယ်သမားအများစုက ရွေ့ပြောင်းတောင်ယာလုပ်တဲ့ ရပ်မိရပ်ဖတွေဆိုတော့ နေ့တိုင်းလိုလို နေပူမိုးရွာမရှောင် အလုပ်လုပ်နေကြတဲ့ခါကျတေုာ့ ဆေးရုံဆေးခန်းလည်း သူတို့မသွားနိုင်ဘူး။ဆေးရုံ ဆေးခန်းသွားဖို့လည်း ငွေရေးကြေးရေးမတတ်နိုင်ဘူး။ ဝင်ငွေမရှိတဲ့အခါကျတော့ ပရဟိတတွေ လူမှုကူညီရေးအသင်းတွေကိုပဲ သူတို့က အဓိကမှီခိုအားထားနေရတာ။” လို့ တာဝန်ခံက ပြောပါတယ်။

အခုနောက်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့တွေမှာ အလှူရှင်တွေ နည်ပါးလာတာကြောင့် ဆေးဝါးတွေ ကူညီထောက်ပံ့ပေးကြဖို့ ပန်းဥယာဉ်ပရဟိတအဖွဲ့ တာဝန်ခံက မေတ္တာရပ်ခံ ပါတယ်။

“ပြည်သူ့ဆေးရုံ ဆေးခန်းကိုမသွားနိုင်တဲ့သူတွေကလည်း လူမှုအသင်းအဖွဲ့တွေကို အားကိုးရှာပါတယ်။ ဒါပေမယ့် လူမှုအသင်းဖွဲ့တွေမှာလည်း အရင်လိုမဟုတ်တော့ဘူး။ အလှူရှင်တွေလည်း အားနည်းတဲ့အခါကျတော့ လှုပ်ရှားမှုအားနည်းနေတယ်။ လက်လှမ်းမှီသလောက်တော့ ကျွန်တော်တို့ဆီမှာရှိတဲ့ဆေးဝါးတွေကို အကူအညီတောင်းလာတဲ့လူနာတွေကို ပံ့ပိုးပေးတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ကိုကူညီကြပါလို့ သတင်းဌာနတွေကတဆင့် ပြည်သူတွေကို ဆော်ဩပေးဖို့ နှိုးဆော်ပေးဖို့ ပူတာအိုဒေသကို ငဲ့ညာပေးဖို့ ဆေးဝါးတွေကို များများပံ့ပိုးပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။”လို့လည်း ဆိုပါတယ်။

အဲဒီဒေသဘက်မှာ အရင်နှစ်က ဖျားနာတာတွေ သိပ်မရှိခဲ့ပေမယ့် အခုနှစ် မိုးတွင်းကာလမှာ မိုးများတဲ့အတွက် ဝမ်းပျက်ဝမ်းလျော အဖြစ်များတယ်လို့ ဆိုပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...