KIA ဖမ်းဆီးထားသည့် ဒုရဲအုပ်ပါ ရဲ (၇)ဦး ကိစ္စနှင့်ပတ်သက်ပြီး PCG မှ တဆင့် ညှိနှိုင်းပေးရန် စစ်ကောင်စီပြောဆိုထား

KIA ဖမ်းဆီးထားသည့် ဒုရဲအုပ်ပါ ရဲ (၇)ဦး ကိစ္စနှင့်ပတ်သက်ပြီး PCG မှ တဆင့် ညှိနှိုင်းပေးရန် စစ်ကောင်စီပြောဆိုထား

ဖားကန့်မြို့နယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ယန်ကြားမှာ ကာမိုင်းကနေ တက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင် (၇)ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကနေ ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG)ကို ကြားဝင်ညှိုနှိုင်း ဖြေရှင်းပေးဖို့ ပြောဆိုထား‌တယ်လို့ သိရပါတယ်။

ကာမိုင်းကနေ အရပ်ဝတ်တွေ ဝတ်ဆင်ပြီး လက်နက်အပြည့်အစုံနဲ့ ဖားကန့်ဘက်တက်လာချိန် ဂေါ့လူယန်အရောက်လမ်းခုလတ်မှာတင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ ဇူလိုင်လ(၅)ရက်နေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး PCGကနေ ညှိုနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီရဲ တပ်ဖွဲ့ဝင်တွေဟာ ကားမိုင်းဘက်က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဖားကန့်ဘက် ရဲအင်အားဖြည့်တင်းဖို့ တက်လာကြတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထား ပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၉)ရက်‌နေ့ကလည်း တနိုင်းမြို့ဘက်တပ်သားအင်အား(၇၀)နဲ့ ထွက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တရုန်ချောင်းအကျော်မှာ  ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းတို့ကနေ မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...