မိုးညှင်းတောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ချထားပေးရန် ဝန်ကြီးချုပ်ထံစာတင်ခဲ့ပြီးနောက် ထပ်မံစာတင်ရန် အကြောင်းကြားလာ

မိုးညှင်းတောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ချထားပေးရန် ဝန်ကြီးချုပ်ထံစာတင်ခဲ့ပြီးနောက် ထပ်မံစာတင်ရန် အကြောင်းကြားလာ
ပုံဟောင်းဖြစ်ပါသည်
ပုံဟောင်းဖြစ်ပါသည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက တောင်သူတွေအနေနဲ့လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်၊ ပုံစံ(၇) ချပေးဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ဆီကို စာတင်ခဲ့ပေမယ့်

ထပ်မံစာတင်ဖို့ အကြောင်းလာပါတယ်။

မိုးညှင်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာက တောင်သူတွေ လုပ်ကိုင်နေတဲ့ လယ်တွေကို သက်ဆိုင်ရာအစိုးရဌာနက အမြန်ဆုံးချပေးဖို့ တင်ပြထားတဲ့စာကို ထပ်မံ စာတင်စေလိုကြောင်း အကြောင်းကြားလာတယ်လို့

ညောင်ကုန်းကျေးရွာ တောင်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မြစ်ကြီးနားကို ကျွန်တော်တို့အဖွဲ့ကသွားပြီးတော့ မေးတော့အခုက ပြည်နယ်ဝန်ကြီးချုပ်က ပြောတယ်တဲ့ စာမတင်ထားဘူးလို့ပြောခဲ့ဘူး၊ စာပြန်တင်ပေးပါလို့ပြန်မှာတယ်တဲ့၊”လို့ ဆိုပါတယ်။

မြေနေရာတွေကို တောင်သူတွေ ၁၀ နှစ်ကျော်ကြာအကောင်အထည်ဖော် လုပ်ကိုင်နေတာ သေချာခဲ့ရင် ပုံစံ (၇) လုပ်ပိုင်ခွင့်ရရှိတယ်လို့ ဥပဒေမှာ ပါရှိပြီးဖြစ်တဲ့အတွက်ကြောင့်

တောင်းဆိုရတာဖြစ်တယ်လို့သိရပါတယ်။

တောင်သူတွေအနေနဲ့ ပုံစံ(၇) ရရှိခဲ့ရင် အစိုးရဘဏ်ချေးငွေတွေ ရရှိလာနိုင်တဲ့အပြင်သားစဉ်မြေးဆက် လက်ဆင့်ကမ်းတဲ့အချိန် စိတ်အေးမှုလည်း ရရှိနိုင်မှာဖြစ်လို့တယ်လို့လည်း မော်ဟန်ကျေးရွာတောင်သူတစ်ဦးက ပြောပါတယ်။

အပြင်မှာချေးမယ်ဆိုရင် အာမခံချက်အနေနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း ပေးထားနိုင်မှ ၁၀ ကျပ်တိုးလောက်နဲ့ ချေးယူနိုင်ပြီး အဲဒီငွေပမာဏဟာ လယ်စိုက်ပျိုးတဲ့ တောင်သူတွေရဲ့

ဘဝကို တိုးတက်လာမယ့်အခြေအနေဘက်ကိုမဟုတ်ဘဲ၊ ကြာလေနစ်မြုပ် လေဖြစ်ရတယ်လို့တောင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ သစ်တောကြိုးဝိုင်းက ဆယ်မိုင် ၅၀၂ ဧက ၊ သာယာကုန်းနဲ့ ညောင်ကိုင်း ၁၂၉၈ဧက၊ ဟဲလုံ ၆၀၉ ဧက၊ ပင့်ဟဲ ၂၇၉ ဧက၊ ပင့်သာ ၇၁၄ ဧက စတဲ့ ကျေးရွာတွေကို

တိုင်းတာပြီးစီခဲ့ပြီ ဖြစ်ပေမယ့် နောက်ထပ်တိုင်းတာဖို့ ကျန်ရှိနေတဲ့ ကျေးရွာတွေဖြစ်တဲ့ မော်ဟန်၊ နန့်စီးအောင်၊ နန့်ပုတ်၊ သာစီ၊ အိုးစံဆိုင်နဲ့ ဘီလူး ကျေးရွာတို့ကိုလည်း

အမြန်ဆုံးလာရောက် တိုင်းတာပေးကြဖို့လည်း တောင်သူတွေက တောင်းဆိုနေကြပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စာရင်းပြုစုထားချက်အရ ကျေးရွာပေါင်း ၁၂ ရွာမှာ တောင်သူ ၁၀၅၈ ဦးလုပ်ကိုင်နေတဲ့ လယ်ဧကပေါင်း ၆၂၉၀ ရှိတယ်လို့ သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...