စခန်းဗုံးကြဲခံရမှုအပေါ် ပြန်လည်တုန့်ပြန့်သွားမည်ဟု AA ပြော

စခန်းဗုံးကြဲခံရမှုအပေါ် ပြန်လည်တုန့်ပြန့်သွားမည်ဟု AA ပြော
ဗုံးကြဲတိုက်ခိုက်ခံမှုကြောင့် သေဆုံးသွားရသည့် AA တပ်ဖွဲ့ဝင်အချို့နှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများ။
ဗုံးကြဲတိုက်ခိုက်ခံမှုကြောင့် သေဆုံးသွားရသည့် AA တပ်ဖွဲ့ဝင်အချို့နှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများ။

မြန်မာ - ထိုင်းနယ်စပ်တွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအား မနေ့က ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ရသည့်ဖြစ်စဉ်ကို လက်တုန့်ပြန်သွားမည်ဟု AA က ပြောဆိုလိုက်သည်။

“ အခုလို့ လာပြီးတော့ ဗုံးကြဲတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က အခြေအနေ အရပ်ရပ်ကို သေသေချာချာ စုံစမ်းလေ့လာနေတယ်။ အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့ဖက်က တုန့်ပြန့် လုပ်ဆောင်သွားဖို့ရှိတယ် ” ဟု AA  ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။

သို့သော်လည်း မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် တုန့်ပြန်သွားမည်ကိုတေ့ စစ်ရေးလိုအပ်ချက်အရ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်းလည်း ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် AA တပ်စခန်းနေရာမှာ တိုက်ပွဲနှင့်ဝေးလံသည့် နေရာတွင်ရှိနေသည့်အတွက် ယင်းနေရာအထိ မြန်မာစစ်တပ်က လာရောက် ဗုံးကြဲခြင်းမှာ ရည်ရွယ်ချက်ရှိရှိ စစ်ပွဲဖြစ်စေရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း  ဦးခိုင်သုခကဆက်ပြောသည်။

“ တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာမှာ အခုလို့ ဗုံးကြဲတိုက်ခတ်တဲ့ဆိုတာ ကတော့ ရည်ရွှယ်ချက်ရှိရှိနဲ့ လာရောက် တိုက်ခတ်တယ်လို့ သုံးသပ်လို့ရတယ်။ ကျွန်တော်တို့ဘက်ကတော့ အခြေအနေတွေကို သေသေချာချာ စုံစမ်း လေ့လာပြီးတော့ သုံးသပ်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရှားမှုအပေါ် မူတည်ပြီး တော့ တိုက်ပွဲကတော့ လိုအပ်လာရင် အချိန်မရွှေးဖြစ်လာနိုင်တဲ့ အနေအထားမှာရှိတယ်” ဟု ၎င်းကဆိုသည်။

ထို့အတူ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ မြန်မာစစ်က AA အပေါ်ကို ရန်လိုသည့် အပြုအမူဖြစ်စေပြီး စစ်ရေးတင်းမာမှု ပိုမိုဖြစ်လာစေကြောင်းလည်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန် ပြောဆိုသည်။

“ AA ဘက်ကလည်း နိုင်ငံရေး အရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တခုခု ပြန်ပြီးတော့ တုန့်ပြန့်မယ်လို့ ထင်တယ်။  အခုဖြစ်စဉ်ကလည်း သူတို့(စစ်ကောင်စီ) က လူတိုင်းကို အပြစ်ရှိတယ်လို့ မြင်လာတယ်။ ဆိုတော့ ဒါက ရန်ရှာနေတာလည်း ဖြစ်တယ် ” ဟု ဦးအောင်သောင်းရွှေက ဆိုသည်။

ထိုသို့ မြန်မာစစ်တပ်က AA တပ်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ ပြောရေဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယမန်နေ့က ဗုံးကြဲတိုက်ခတ်မှုကြောင့် AA စခန်းမှ ဆေးရုံနှင့် အပ်ခြုပ်စက်ရုံနှင် တခြားအဆောက်အဦးများ ပျက်စီးသွားကာ သေဆုံးသူ AA တပ်ဖွဲ့ဝင်  ၆ ဦးနှင့် ထိခိုက်ဒဏ်ရာသူအများအပြားရှိကြောင်းလည်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ်  လိုင်ဇာဗိုလ် လောင်းသင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် TNLA (တအာင်း ပလောင်)၊ AA(ရက္ခိုင့်တပ်တော်) ၊ CNF(ချင်းအမျိုးသားတပ်ဦး) ၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) တို့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။ ယင်းအထဲတွင် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်လောင်း ၈ ဦးပါဝင်ခဲ့သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...