မိုးကုတ်အနောက်ပိုင်းတွင် အိမ်ထောင်စု စာရင်းစစ်

မိုးကုတ်အနောက်ပိုင်းတွင် အိမ်ထောင်စု စာရင်းစစ်

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့ အနောက်ပိုင်းက ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က အိမ်ထောင်စု စာရင်းများ လာရောက်စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ မှ စတင်၍ ယနေ့အချိန်ထိ မိုးကုတ်မြို့ အနောက်ပိုင်းက ကျေးရွာများရှိ နေအိမ်များတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ နေအိမ်တွင် နေထိုင်သည့် လူဦးရေစာရင်း စသည်တို့ကို ဝင်ရောက်စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦး က “အိမ်ထောင်စုစာရင်းစစ်တယ်၊ တချို့အိမ်တွေတော့ အစစ်မခံရဘူး၊ အခုရက်ပိုင်း မြို့ထဲ အစစ်အဆေး တော်တော်များတယ်။ အောင်သုခရပ်ကွက်ကို စစ်သလို စစ်တာ၊ ဖမ်းခံရသူတော့ မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် ဘောလုံးကြီးကျေးရွာ၊ ဘောလုံးလေးကျေးရွာနှင့် ဆင်ခွာ ကျေးရွာများအား တစ်ရွာဝင်တစ်ရွာထွက် တောက်လျှောက် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု မိုးကုတ် ဒေသခံများက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ မြို့ပေါ်ရော၊ ကျေးရွာများပါ မကျန်စစ်ဆေးနေသည်ကို မသိရ သေးဘူးဟု မိုးကုတ်ဒေသခံများက ဆိုသည်။

ထို့အပြင် ဘောလုံးကြီးကျေးရွာက လမ်းမပေါ်မှာဆွဲထားသည့် နွေဦးတော်လှန်ရေးစာသားကိုလည်း စစ်ကောင်စီ တပ်က ရပ်ကွက်အတွင်းရှိ ပြည်သူများကို ခေါ်ပြီး ဖျက်ခိုင်းသွားသည်ဟု သိရသည်။

အလားတူ ဇွန်လ ၂၀ ရက်နေ့ကလည်း မိုးကုတ်မြို့ရှိ အောင်သုခရပ်ကွက်နှင့် ကျပ်ပြင်ရပ်ကွက်တို့တွင် စစ်ကောင်စီတပ်က အင်အားသုံးအလုံးအရင်သုံးပြီး လမ်းများကို ပိတ်ဆို့ကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ဝင်စစ်ခဲ့ပြီးနောက် ပြည်သူ အယောက် ၂၀ ဝန်းကျင်ခန့် ကို ဖမ်းဆီးခံခဲ့ရသေးသည်။

ထို့ကြောင့် မိုးကုတ်ဒေသခံများက ယခုအကြိမ်စစ်ဆေးမှုတွင်လည်း ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အောင်သုခနှင့် ကျပ်ပြင်ရပ်ကွက် ဖြစ်စဉ်များကဲ့သို့ အပြစ်မဲ့ပြည်သူများ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြ ခြင်း ဖြစ်သည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...