ထိုင်းနယ်စပ် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်၊

ထိုင်းနယ်စပ် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်၊

ထိုင်း-မြန်မာ နယ်စပ်ရှိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိသည်ဟု AA က ဇူလိုင်လ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် "၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၅) မိနစ် အချိန်တွင်  မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ မိမိတို့ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။" ဟု ဖော်ပြထားသည်။

ထို့အပြင် ထိုစခန်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီးသည် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု AA က ဆိုသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...