ရွှေကူမြို့တွင် စစ်ကောင်စီတပ်သားအချို့ PDF ထံ အလင်းဝင်ရောက်

ရွှေကူမြို့တွင် စစ်ကောင်စီတပ်သားအချို့ PDF ထံ အလင်းဝင်ရောက်
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့က ကချင်ဒေသက လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိပြီး ပြည်သူ့ပန်းတိုင်နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ တပ်သားနှစ်ဦး။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့က ကချင်ဒေသက လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိပြီး ပြည်သူ့ပန်းတိုင်နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ တပ်သားနှစ်ဦး။

ရွှေကူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲကို အလင်းဝင်လာသူတွေ ရှိနေတယ်လို့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လဝက်လောက်ကနေ ဒီကနေ့ထိ PDF ထဲကို အလင်းဝင်လာသူ (၅) ဦးခန့်ရှိပြီဖြစ်ပြီး တစ်ချို့မှာလက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာကြတယ်လို့ ‌နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" စစ်သားတွေက PDF တွေဘက်ကို ပြောင်းလာတာပါ့အေ။ စစ်သားတွေက ဘက်ပြောင်းတာတွေများလာတယ်။တစ်ခါတစ်လေတော့ ဒီတိုင်း ဘာမှ မပါပဲနဲ့ တစ်ခါတစ်လေတော့ လက်နက်တွေပါတယ်လို့ သတင်းကြားရတယ်" လို့ နီးစပ်သူက ဆိုပါတယ်။

ရွှေကူမြို့နယ်အတွင်းက ကျေးရွာတွေ ထဲကို စစ်ကောင်စီဘက်ကနေ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်တာစားနပ်ရိက္ခာသယ်ဆောင်တာမျိုးတွေ ရှိနေပြီး ရွှေကူမြို့နယ်အတွင်းက PDF တွေအနေနဲ့လည်း စောင့်ကြိုပစ်ခတ်တာမျိုးတွေ ရှိပါတယ်။

ဒါ့အပြင် ရွှေကူမြို့နယ် သင်္ဘောအင်းကျေးရွာကို ဇွန်လ (၃၀) ရက်နေ့က စစ်‌ကြောင်းထိုးရောက်ရှိခဲ့တဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ရွှေကူမြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...