ရခိုင်ပြည်နယ်လုံခြံုရေးဆိုင်ရာ အထောက်အကူပြုကော်မတီကို ကျောက်ဖြူတွင်ဖွဲ့စည်း

ရခိုင်ပြည်နယ်လုံခြံုရေးဆိုင်ရာ အထောက်အကူပြုကော်မတီကို ကျောက်ဖြူတွင်ဖွဲ့စည်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်လုံခြံုရေးဆိုင်ရာ အထောက်အကူပြုကော်မတီကို ကျောက်ဖြူတွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက် နေ့လယ် (၂)နာရီခန့်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်တွင် မြို့ခံ(၂၀၀)ခန့် တက်ရောက်သော အစည်းအဝေးတွင် ရခိုင်ပြည်နယ်လုံခြံုရေးဆိုင်ရာ အထောက်အကူပြုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

‘‘ကော်မတီဖွဲ့တာက ကိုယ့်မြို့နယ်မှာ စပြီးစုစည်းတာဖြစ်တယ်။ ရခိုင်ပြည်နယ်(၁၇)မြို့နယ်လုံးမှာ ကော်မတီဖွဲ့နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ အစိုးရကိုတောင်းဖို့ တနည်းအားဖြင့် အစိုးရကို ဖိအားပေးနိုင်ဖို့ဖြစ်တယ်။ တစ်ယောက်တစ်ပေါက်လုပ်နေတာထက် (၁၇)မြို့နယ်လုံးကညီညီညွတ်ညွတ်လုပ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်’’ဟု ကော်မတီဝင် ဒေါက်တာထွန်းမြင့် ကပြောသည်။

ရခိုင်မျိုးနွယ်စုတွေနေထိုင်တဲ့နေရာတွေမှာ လုံခြံုရေးစနစ်တကျချပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်လုံခြံုရေးဆိုင်ရာ အထောက်အကူပြုကော်မတီ(ကျောက်ဖြူ)မှ ဦးဆောင်ကာ သြဂုတ်လ(၁၃)ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရှေ့နေဦးထိန်လင်း ကလည်း‘‘ရခိုင်မျိုးနွယ်စုတွေ အသက်ခံရတာနဲ့ပတ်သက်လို့ အစိုးရက အသက် အိုးအိမ်ကို မကာကွယ်နိုင်လို့ တောင်းဆိုရတာဖြစ်တယ်။ ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ အတွက် မြို့နယ်အလိုက်ကော်မတီဖွဲ့စည်းနိုင်မယ်ဆိုရင် ပြသနာတွေကို လျှော့ချနိုင်မယ်။ ဒီထက်တော့ ပိုမဆိုးလာအောင် လုပ်နိုင်မယ်လို့ မြင်တယ်’’ဟုသူကပြောသည်။

၎င်းအစည်းအဝေးမှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်တစ်ရပ်ဖွဲ့စည်းပေးရန်၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

၎င်းအစည်းအဝေးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ၎င်းထုတ်ပြန်ချက်ထဲတွင် UN ၊ INGO ၊ CSO များမှ အကြမ်းဖက်ဘင်္ဂလီများ အကျိုးစီးပွား အတွက် တောက်ပံ့ဆောင်ရွက်ခြင်းအား ကျောက်ဖြူလူထုမှ ကန့်ကွက ်ရှုတ်ချပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...