ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံဆိပ်ကမ်းအတွင်းရှိ စက်လှေတစ်စီးအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂ဝ၂ဝ ပြည့်နှစ်က တွေ့ရစဉ်။
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံဆိပ်ကမ်းအတွင်းရှိ စက်လှေတစ်စီးအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂ဝ၂ဝ ပြည့်နှစ်က တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမား ၅၅ ဦးကို Quarantine ထားပြီး စစ်ဆေးရာ ယနေ့ ဇူလိုင် ၄ ရက်တွင် စက်လှေသမား ၃ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“Positive သုံးယောက်တွေ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့နာမည်၊ အသက်တွေကိုတော့ တိတိကျကျမသိရသေးဘူး။ အခုက ကျွန်တော်အစည်းအဝေးတစ်ခုကိုရောက်နေလို့။ ပိုးတွေ့တာနဲ့ပတ်သက်လို့လည်း ကျွန်တော့်ဆီကို သတင်းအချက်အလက်မရောက်သေးဘူး။ တွေ့တာကတော့ မှန်ပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် ပိုးတွေ့သူ ၃ ဦးကို လှေပေါ်တွင် သီးခြားထားပြီး ၎င်းတို့နှင့်ထိတွေ့ထားသူများကိုလည်း ထပ်ပြီး ပိုဗစ်ပိုး ရှိမရှိစစ်ဆေးသွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...