ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံဆိပ်ကမ်းအတွင်းရှိ စက်လှေတစ်စီးအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂ဝ၂ဝ ပြည့်နှစ်က တွေ့ရစဉ်။
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံဆိပ်ကမ်းအတွင်းရှိ စက်လှေတစ်စီးအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂ဝ၂ဝ ပြည့်နှစ်က တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမား ၅၅ ဦးကို Quarantine ထားပြီး စစ်ဆေးရာ ယနေ့ ဇူလိုင် ၄ ရက်တွင် စက်လှေသမား ၃ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“Positive သုံးယောက်တွေ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့နာမည်၊ အသက်တွေကိုတော့ တိတိကျကျမသိရသေးဘူး။ အခုက ကျွန်တော်အစည်းအဝေးတစ်ခုကိုရောက်နေလို့။ ပိုးတွေ့တာနဲ့ပတ်သက်လို့လည်း ကျွန်တော့်ဆီကို သတင်းအချက်အလက်မရောက်သေးဘူး။ တွေ့တာကတော့ မှန်ပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် ပိုးတွေ့သူ ၃ ဦးကို လှေပေါ်တွင် သီးခြားထားပြီး ၎င်းတို့နှင့်ထိတွေ့ထားသူများကိုလည်း ထပ်ပြီး ပိုဗစ်ပိုး ရှိမရှိစစ်ဆေးသွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...