ဖားကန့်လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ဖားကန့်လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို ဇွန်လ ၂၉ ရက်နေ့ မနက်က စစ်ကောင်စီကနေ ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

အေးမြသာယာအုပ်စု၊ ရှရောခကျေးရွာက ဦးအောင်ဟိန်းမင်းနေအိမ်ကို မနေ့မနက်က စစ်ကောင်က အင်အားအများအပြားနဲ့ သွားရောက် ချိပ်ပိတ်ခဲ့တာလို့ ဦးအောင်ဟိန်းမင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီလို အိပ်ချိပ်ပိတ်ခံရမယ်ဆိုတာက အစောကြီးကတည်းက ကျွန်တော်တို့မျှော်လင့်ပြီးသားလည်းဖြစ်တယ်။ ဘာကြောင့်လဲဆို စစ်ကောင်စီအနေနဲ့က ဒီလိုအိမ်ချိပ်ပိတ်တယ်ဆိုတာက လုပ်ရိုး လုပ်စဉ်အနေနဲ့ ဒီနေ့ ဒီအချိန်မှာ လုပ်နေကြတာဆိုတော့ ထူးတော့မထူးဆန်းပါဘူး။ ဒီလိုပိတ်လိုက်လို့လည်း ကျွန်တော်တို့ တော်လှန်ရေးခရီးမှာ ဘာမှ ထိခိုက်တယ်လို့တော့ မခံစားရပါဘူးဗျာ။” လို့ ဦးအောင်ဟိန်းမင်းက ဖြေကြားခဲ့တာပါ။

ဖားကန့်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေထဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ချိပ်ပိတ်ခံရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းက ပူတာအို၊ ဗန်းမော်၊ မိုးညှင်း စတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေကိုလည်း လွန်ခဲ့တဲ့လတွေက စစ်ကောင်စီကနေ လိုက်လံ ချိပ်ပိတ်တာတွေ ရှိခဲ့ပါတယ်။

May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို...
May 28, 2026
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/...