တပ်မတော်အကြီးအကဲမှ လုံခြံုရေးအာမခံသဖြင့် စေတီပြင်နယ်မြေမှ ဒေသခံများနေရပ်ရွာသို့ပြန်

တပ်မတော်အကြီးအကဲမှ လုံခြံုရေးအာမခံသဖြင့် စေတီပြင်နယ်မြေမှ ဒေသခံများနေရပ်ရွာသို့ပြန်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ စေတီပြင်ရွာနှင့် ခွဆုံရွာတွင် ခိုလုံနေကြသည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်းကျေးရွာမှ ရွာသားများသည် တပ်မတော်အကြီးအကဲမှ လုံခြံုရေး အာမခံသဖြင့် မိမိနေရပ်ကျေးရွာများသို့ ပြန်သွားခဲ့ကြပြီဟု သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ကထစမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် စေတီပြင်ကျေးရွာသို့ သြဂုတ် ရ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ရွာသားများနှင့် တွေ့ဆုံစဉ်လုံခြံုရေးကို အာမခံသဖြင့် ရွာသားများပြန်သွားခဲ့ကြခြင်း ဖြစ်သည်ဟု စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်မှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ဒေသစွန့်ခွာလာတဲ့ လူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အဲ့ဒီကျေးရွာတွေမှာ လုံခြံုရေးတွေ ချပေးထားတယ်၊ နေရပ်ပြန်ကြပါလို့ ပြောတဲ့အခါမှာ တပ်ချပေးရင် ပြန်ကြမယ်လို့ ရွာသားတွေက ပြန်ပြောကြပါတယ်။ တပ်မတော်တပ်ဖွဲ့ဝင်များကို လုံခြံုရေးချပေးထားပေးမယ် ပြောတဲ့အတွက် ရွာသားတွေ ပြန်သွားကြပြီ ဖြစ်ပါတယ်”ဟု ဦးမောင်အေးတင်က ပြောသည်။

20638799 1611399675538770 3413336080084881218 n

သြဂုတ် ရ ရက်နေ့က အိမ်ထောင်စု ရ၂ ဦး (လူဦးရေ ၂၀၃) လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ကျန်ရှိနေသည့် အိမ်ထောင်စု ၆၂ စု (လူဦးရေ ၄၁၉) ဦးတို့သည် ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်သွားကြပြီဟု သိရသည်။

ချွတ်ပြင်၊ ပိတောက်မြိုင်နှင့် ပြင်ရှည်ကျေးရွာမှ ရွာသားများသည် စေတီပြင်ကျေးရွာ၌လည်းကာင်း၊ ပေါက်ပင်ရင်းကျေးရွာမှ ရွာသားများသည် ခွဆုံကျေးရွာ၌လည်းကောင်း ယာယီခိုလုံနေထိုင်ခဲ့ကြသည်။

ဇူလိုင် ၂၇ ရက်နေ့က ချွတ်ပြင်ကျေးရွာမှာ ခရုသွားကောက်သူ မောင်သန်းဌေး ပျောက်ဆုံးပြီးနောက် မေယူတောင်ထဲတွင် အကြမ်းဖက်သမားများ၏ စခန်းတွေ့ရှိမှု၊ သြဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မြိုအမျိုးသား ၈ ဦး အသတ်ခံရမှု၊ သြဂုတ် ၄ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ကို အောက်နန်းရာရွာမှ ဘင်္ဂလီရွာသားများ ဓား၊ လေးခွနှင့် ဂျင်ဂလိများဖြင့် တိုက်ခိုက်မှုတို့ ဖြစ်ပွားသဖြင့် လုံခြံုရေးစိုးရိမ်ရရာမှ ၎င်းရွာသားများသည် စေတီပြင်နှင့် ခွဆုံကျေးရွာများတွင် ခိုလုံခဲ့ကြခြင်း ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...