ရခိုင်ပြည်၊ သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်၌ရှိသည့် ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ယခုနှစ် ကျောင်းသား၊ ကျောင်းသူဦးရေတိုးလာသဖြင့် ကျောင်းရပ်တည်ရေးအတွက် အကူအညီများလိုအပ်နေ ကြောင်း တာဝန်ရှိသူများထံမှသိရသည်။
အဆိုပါက ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ ပြီးခဲ့သည့်နှစ်က ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၂၀၀ ရှိပြီး ယခုနှစ်တွင် ၁၄၀၀ အထိရှိကာ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၂၀၀ ကျော် အထိတိုးလာနေဟု ပုလဲ ရတနာ (ဘက) ကျောင်း ဆရာတော်က မိန့်ကြားသည်။
“ဆန်ဖိုး သီးသန့် တစ်လကို သိန်း ၁၀၀ လောက်ကုန်တယ်။အခု ကျောင်းသားတွေကလည်းတိုးလာတော့ သူတို့ စားရေးသောက်ရေးက အခက်အခဲရှိလာတယ်။ဒါကြောင့် အလှူရှင်တွေလိုအပ်နေပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
ပုလဲရတနာဘုန်းကျော်ကြီးကျောင်းတွင် ယခုနှစ်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၄၀၀ ကျော်ပညာသင် ကြားလျက်ရှိပြီး ယင်းအထဲမှ ကျောင်း ၈၀၀ ခန့်မှာ ကျောင်းနေ ကျောင်းစား ပညာသင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ယခုနှစ်အတွင်း ရခိုင်ပြည်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများသာမက ပလက်ဝ၊ တောင်ကြီး၊ ဧရာဝတီ စသည့် ပြည်မ ဖက်ကပါ လာရောက်ပညာသင်ကြားလျက်ရှိပြီး သင်ထောက်ကူ ပစ္စည်းများလည်း အခက်အခဲရှိနေသည်ဟု ပုလဲရတနာဘကကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးအေးဝင်းကေ ပြာဆိုသည်။
“အရင်တုန်းဆိုရင် အခုအချိန် စာအုပ်တွေ ၊ဘောပင်တွေ၊ ခဲတံတွေ အကုန်စုံနေကြပြီ။ ဒီနှစ် ကျောင်းသားတွေ အတွက် သင်ထောက်ကူပစ္စည်းတွေ ဘာမှမရှိသေးဘူး။ပြီးတော့ ကျောင်းသားဦးရေက အရင်နှစ်တွေကထက် များတော့ စာသင်ဆောင်ကလဲ အခက်အခဲရှိတယ်ဟ”ဟု ဦးအေးဝင်းက ပြောသည်။
ပုလဲရတနာဘုန်းကျော်ကြီးကျောင်းတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ စားနေရေး သောက်ရေးအတွက် တစ်လလျှင် ဆန်အိတ် ၃၀၀ အထိကုန်ကျမှုရှိပြီး လက်ရှိတွင် ကျောင်းသားဦးရေတိုးလာ နေသောကြောင့် အလှူရှင်တချို့လာရောက်လှူဒါန်းမှုနှင့် ဆရာတော်ကြီးရရှိသည့် နဝကမ္မငွေဖြင့် ရပ်တည်နေ ရကြောင်း ကျောင်းတာဝန်ရှိသူများထံမှသိရသည်။
“ဒီကျောင်းက ရခိုင်ပြည်နယ်မြို့နယ် အစုံက ကျောင်း သားတွေ ပါသလို အခြားတိုင်းဒေသက ပညာသင်ကြေး မတတ်နိုင်လို့ လာတက်ကြတဲ့ ကျောင်းသားတွေလည်းပါတယ်။ အခု ကုန်စျေးတွေကလည်း တက်တော့ အကုန် အကျက ပုံမှန်ထက် ပိုများနေတယ် ။ အဲတာကြောင့် ပြည်တွင်း ပြည်ပ ကအဖွဲ့အစည်းတွေ အလှူရှင်တွေလည်း လိုအပ်တယ် အကူအညီပေးဖို့ကိုလည်းတောင်းဆိုချင်တယ်”ဟု သံတွဲမြို့ခံတစ်ဦးဖြစ်သူ မမိမိခိုင်က ထောက်ပြပြောဆိုသည်။
သံတွဲမြို့ရှိ ပုလဲရတနာ (ဘက)ဘုန်းတော်ကြီးပညာသင်ကျောင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် ကျောင်းသားဦးရေအများဆုံးကျောင်းဖြစ်ပြီး အဆိုပါကျောင်းကို ဖွင့်လှစ်ထားသည်မှာ လက်ရှိတွင် ၁၂ နှစ်အထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ - ၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် ပုလဲရတနာ်ဘုန်းတော်ကြီးပညာသင်ကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူဦးရေ ၃၃၃ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၆၂ ဦးရှိခဲ့ကြောင်းသိရသည်။
ထိုသို့ အောင်မြင်သူများထဲမှ ၃ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၀ဦးနှင့် ၁ ဘာသာဂုဏ် ထူးရှင် ၄၀ ဦးအထိ ရှိခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံမှသိရသည်။







