ဥကရစ်ထ စခန်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်

ဥကရစ်ထ စခန်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေမြို့နယ်ရှိ ဥကရစ်ထစစ်ကောင်စီ စခန်းကို ကေအန်ယူ တပ်မဟာ (၆) KNDO၊ KNLA ပူးပေါင်းအဖွဲ့တို့က စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေသည့်အတွက် လက်ရှိတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိလာနေကြောင်း မြေပြင်သတင်း အရင်းအမြစ်ထံမှ သိရ သည်။

ထိုစစ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှ ယနေ့ ဇွန်လ ၂၉ ရက် နေ့အထိ ၄ ရက်ကြာသည့်တိုင် KNDO၊ KNLA ပူးပေါင်းအဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး လက်ရှိ အချိန်အထိ စခန်းသိမ်း နိုင်ရေး ကြိုးပမ်းနေကြောင်း ကေအန်ယူ တပ်မဟာ (၆) သတင်းရင်း မြစ်တဦးက ပြော သည်။

“ စစ်စခန်းကို သိမ်းဖို့ ကြိုးစားနေတာ။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာတွေ ရှိနေ တယ်။ ဒီနေ့ နေ့ခင်းအထိ ကို လေကြောင်း ဝဲနေတာ ရှိတယ်။ ကျန်တာကို စခန်းသိမ်းတိုက်ပွဲပြီးမှဘဲ အသေး စိတ်ထုတ် ပြန်သွားမယ် ” ဟု အဆိုပါ သတင်း အရင်း အမြစ်ကပြောသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း၌ စစ်ကောင်စီ တပ်၏ဗျူဟာ ကုန်းမှ လက်နက်ကြီး ပစ်ကူပေးမှုနှင့် လေကြောင်း တိုက်ခိုက်မှုများ ရှိနေပြီး နှစ်ဖက်အကျ အဆုံးများလည်း ရှိနေကြောင်း မြေပြင်သတင်းအရင်း အမြစ်ထံက သိရသည်။

“ နှစ်ဖက်အကျ အဆုံးများတယ်။ စစ်ကောင်စီတပ်က လောလောဆယ် ၂၀ ဦး ကျတယ်။ KNDO ဘက်က ၈ ဦး လောက်ကျ သွားတယ်။ အခုအထိလည်း တိုက်ပွဲပြင်းထန် နေတော့ အကျအဆုံး ထပ်ရှိနိုင်တယ် ” ဟု KNLA သတင်း အရင်း အမြစ်မှ ဆိုသည်။

ထို့အပြင် ယမန်နေ့ (ဇွန် ၂၈ ) ညနေ ပိုင်း အချိန်၌ KNDO ( ကော်ဘရာ စစ်ကြောင်း) နှင့် KNLA ( ဗီနွန်စ စ်ကြောင်း) တို့က ယမန်နေ့ ညပိုင်းတွင် ဥကရစ်ထစခန်းတွင်းရှိ တဲနှစ်လုံးကို သိမ်းနိုင်ခဲ့သော်လည်း ယနေ့နံနက်တွင် စစ်တပ် က ပြန်လည်ဝင်ရောက်လာရာ တိုက်ပွဲဆက်ဖြစ်နေပြီး ထိုစခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ သုံးပြီး တိုက်ခိုက်နေ ခြင်းဖြစ်သည်။

KNDO ရှေ့တန်း သတင်း အရင်း အမြစ်တဦးက “ အခုအထိ စစ်စခန်းအနားကို လေကြောင်းနဲ့ ဗုံးကြဲတာ ၁၁ ကြိမ်လောက်ရှိတယ်။ အခု အထိလည်း လေ ယာဉ်ဝဲ နေတယ်။ မနေ့ညပိုင်းက တဲက စစ်ကောင်စီတပ်တွေ အင်အားပြန်ဖြည့်ပြီး ထိုးစစ် ပြန်ဆင်နေ တာကြောင့် အခုလို အချိန်ကြာနေတာ။ နယ်မြေရှင်းတဲ့ သဘောနဲ့ အပြန် အလှန်တိုက်ပွဲ ဖြစ်နေတာ ” ဟု အဆိုပါရှေ့တန်းသတင်းမြစ်ကဆိုသည်။



ဥကရစ်ထစစ်စခန်း ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - Laykaykaw Youth Network)

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် ဥကရစ်ထ စစ်စခန်းမှာ ဖလူးလေး- ဝေါလေ- စုကလိသို့ သွားရောက်သည့် လမ်းဆုံ အချက်အချာ ကျသော နေရာတွင်တည်ရှိပြီး စစ်ကောင်စီ တပ်၏ ဗျူဟာ အကျဆုံး စစ်စခန်း တစ်ခု လည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသည် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၈ မိုင်ခန့်အကွာ ထိုင်း- မြန်မာနယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာ ကွာဝေးသော စစ်ကောင်စီ၏ ထိုခြေကုတ်စခန်းတခုဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ - ဥကရစ်ထစစ်စခန်း ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - Laykaykaw Youth Network)

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...