လောင်းလုံးမြို့နယ်တွင် ၁၀ ရက်အတွင်း ဒေသခံ ၃၇ ဦး ဖမ်းဆီးခံရဟုဆို

လောင်းလုံးမြို့နယ်တွင် ၁၀ ရက်အတွင်း ဒေသခံ ၃၇ ဦး ဖမ်းဆီးခံရဟုဆို
လောင်းလုံးမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံ အချို့ထိခိုက်သေဆုံးခဲ့စဉ်။ (ဓာတ်ပုံ - လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
လောင်းလုံးမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံ အချို့ထိခိုက်သေဆုံးခဲ့စဉ်။ (ဓာတ်ပုံ - လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကဒက်ကြီးကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်မှ ဇွန်လ (၂၆)ရက်နေ့အထိ ၁၀ ရက်အတွင် ဒေသခံ အမျိုးသား (၂၄) ဦး နှင့် အမျိုးသမီး (၁၃) ဦး စုစုပေါင်း (၃၇) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လက်ရှိတွင် အဆိုပါ ဒေသခံတို့အား မည်သည့်နေရာတွင်ထိန်း သိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

 “ မြို့နဲ့အနီးက ရွာနှစ်ရွာကို စစ်တပ်က ညနက်ပိုင်းကို ဝင်စီးတာ။ ရွာသား ၃၇ ယောက်လောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့သူတွေရဲ့ အကြောင်းတွေကိုလည်း အခုအထိဘာမှ မသိ ရဘူး။ ဘယ်မှာ ထိန်းသိမ်းထားတာလည်း မသိရဘူး ဖြစ်နေတယ် ” ဟု ကဒက်ကြီးကျေးရွာသား တစ်ဦးကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ည အချိန်၌ ကဒက်ကြီး ကျေးရွာနှင့် ဂေါ့အင်းကျေးရွာ အတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့မှု ကြောင့်နေအိမ် (၆) လုံးမီး လောင်ပျက်စီးခဲ့ ရကာ ဒေသခံ (၃) ဦးမှာလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

 “ ကဒက်ကြီးရွာ ကို စစ်တပ်က ဝင်စီးတယ်။ အိမ်(၅) လုံး ဖျက်ဆီးခံရတယ်။ အဲဒီက အသက် (၆၁) နှစ်အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး (ခ) မိကြုံး လင်မယားနှစ် ယောက်ပစ်သတ်ခံရတယ်။ လက်ပြန်ကြိုး တုပ်ပြီးတော့ ခေါင်းရယ်ဝမ်း ဗိုက်ရယ်၊ ခါးနဲ့မျက်လုံးကို အနီးကပ်ပစ်သွားတာ။ ဂေါ့အင်းမှာက အိမ်တစ်လုံး ဖျက်ဆီးခံရတယ်။ အိမ်ရှင်ဖြစ်တဲ့အသက် (၅၀) ကျော် ဦးဆန်းဝင်းကိုလည်း ပစ်သတ်သွားပါတယ်။ အိမ်ထဲ အတွင် ပစ္စည်းတွေကိုလည်း အကုန်ယူသွားတယ် ” ဟု လောင်းလုံမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တ စ်ဦးက ဆိုသည်။

ထိုသို့ လေင်းလုံးဒေသခံများ ဖမ်းဆီးခံရခြင်း၊ ပစ်ခတ်ခံရခြင်းစသည့် ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လောင်းလုံမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီ တပ်အင်အား (၁၀၀ ) ကျော်ဖြင့် စစ်ကြောင်းထိုးမှု များကြောင့် ဒေသခံ ကာကွယ်ရေးတပ်၊ ကေအန်ယူတပ်မဟာ (၄) KNDO အဖွဲ့ နှင့် နှစ်ဖက်စစ်ရေး တင်းမာ နေသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...