လုပ်သေနတ်တစ်လက်နှင့်အတူ မောင်တောတွင် လူတစ်ဦးအဖမ်းခံရ

လုပ်သေနတ်တစ်လက်နှင့်အတူ မောင်တောတွင် လူတစ်ဦးအဖမ်းခံရ
by -
နိရဥ္စရာ
သြဂုတ် ရ ရက် နေလယ် ၁၂ နာရီ အချိန်က မောင်တောမြို့ စပယ်ကုံးကျေးရွာ အတွင်းမှ လုပ်သေနတ်တစ်လက်နှင့် အတူ လူတစ်ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စပယ်ကုံး ကျေးရွာအား ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများပြုလုပ်စဉ် ၎င်း ကျေးရွာအတွင်းမှ ကောက်ရိုးထုံး တစ်ထုံးအားထမ်း၍ ထွက်လာသော ဘင်္ဂါလီ လူမျိုး တစ်ဦးအား မင်္သကာသဖြင့် စစ်ဆေးကြည့်ရာ ကောက်ရိုးထုံးအတွင်းမှ မသင်္ကာဖွယ်ရာ ပစ္စည်း တစ်ခုအားယူဆောင်၍ အဒူကော်ရိမ်(ဘ)ရော်ဖီးအာမတ်၏ နေအိမ်အတွင်းသို့ ဝင်ပြေး သွားခဲ့သည်ဟု နယ်ခြားစောင့်ရဲအရာရှိက ပြောကြားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ ၎င်းသူထွက်ပြေးသွားသည့်နေရာအား ပိတ်ဆို့ ဖမ်းဆီးရာ အူဟာဆောင်း (၂၂) နှစ် (ဘ) ဟာမိတ်ဒူဆောင်းအား အရိုး/အသွား ၁ပေခန့် ရှိဓါး တစ်လက် နှင့်အတူဖမ်းဆီးရမိခဲ့သည်။

“ အဲဒီ အူဟာဆောင်းကို ဖမ်းမိပြီး အနီးအနားမှာရှိတဲ့ ဆွေယော့ဟူဆိန်း(ဘ)အဘူဟူဆိန်းရဲ့ နေအိမ်ကို အသေးစိတ်ရှာဖွေတော့ မီးဖိုဆောင်ထဲမှာ ထိုးထည့်ထားတဲ့ လုပ်သေနတ် အတို တစ်လက်နဲ့ ကျည်နှစ်တောင့် ဖမ်းမိပါတယ်” ဟု ပြောသည်။

၎င်းမီးဖိုဆောင်အတွင်း ချိတ်ထားသည့် စစ်သုံးခါးပတ်ကြီး အနက်ရောင်တစ်ချောင်း၊ ပြောက်ကျား လွယ်အိတ်တစ်လုံး၊ ဖုန်းအားသွင်းကြိုးတစ်ခုနဲ့ အကြမ်းဖက်သမားများအသုံးပြုတဲ့ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအရာရှိက ဆက်လက် ပြောကြားသည်။

လုံခြံုရေး တပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာအတွင်း ဆက်လက်ရှာဖွေမူများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...