မြန်မာစစ်တပ်က ဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မိသားစုဝင်များတွေ့ခွင့်မရ

မြန်မာစစ်တပ်က ဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မိသားစုဝင်များတွေ့ခွင့်မရ

မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့ဒေသခံ နိုင်ငံရေး၊လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇော် ဝင်းနှင့် တွေ့ခွင့်ရရှိရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ တွေ့ခွင့်မရသေးကြောင်း ဇနီးဖြစ်သူ မခိုင်ခိုင်က ပြောသည်။

ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်တွင် နေထိုင်သော ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နေ့၊နံနက်ပိုင်းတွင် မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်အထိလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။၄င်းကို မည်သည့်အတွက် ကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိ ရသေးပေ။

ထို့ကြောင့် ယမန်နေ့(ဇွန်လ ၂၂ ရက်)က ကျောက်တော်မြို့မရဲစခန်းနှင့်ခမရ ၃၇၅ တပ်ရင်းတို့ကို မေးမြန်းစုံစမ်းရန် သွားရောက်ခဲ့စဥ် တွေ့ခွင့်မရရှိခဲ့ဟု ဇနီးဖြစ်သူ မခိုင်ခိုင်က ဆက်လက်ပြောသည်။

“ ဘာမှလည်းသတင်းမကြားရသေးဘူးဆိုပြီး စိတ်ပူလို့ ရဲစခန်းကို လိုက်သွားတာ။ဟိုရောက်တော့ ရဲစခန်း တာဝန်ရှိသူတွေက သူတို့ဆီမှာထိန်းသိမ်းထားတာမဟုတ်ဘူး။ဒီကိစ္စကိုစစ်တပ်က တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် သူတို့လည်းဘာမှမကူညီပေးနိုင်ဘူးဆိုပြီးပြောလိုက်တယ်။ ဒါကြောင့် တံတားနားက စစ်ဆေးရေး ဂိတ်ကို သွားကြည့်ဖို့အကြံပေးလိုက်လို့ လိုက်သွားတော့လည်းမရှိဘူးလို့ပြောတယ်။ နောက်ဆုံးကြံရာမရတာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ရုံးထိုင်နေတဲ့ဗိုလ်မှူးဆိုတဲ့သူကို ဆက်သွယ်စုံစမ်းတော့ သူတို့ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ပဲ ပြောတယ်။တွေ့ခွင့်မရဘူး’’ ဟု၎င်းကပြောသည်။

ကိုဇော်ဝင်းမှာ ကျန်းမာရေးချို့တဲ့တတ်သူဖြစ်သဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့်ကာလအတွင်း တစ်စုံတစ်ခု ဖြစ်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ ကျမယောကျ်ားက ကျန်းမာရေးလည်း သိပ်ကောင်းတာမဟုတ်ဘူး။အစားပုံမှန်မစားရရင် တစ်ကိုယ်လုံးတုန်ပြီး အားပြတ်သွားတတ်တယ်။ဒါကြောင့် ကျမက သူ့ကိုစိတ်ပူတာ။အဖမ်းခံထားရတာဆိုတော့ အစားပုံမှန်မစားရတဲ့ အပြင် ရိုက်နှက်စစ်ဆေးခံနေရမှာကိုတွေးပြီး အရမ်းစိတ်ပူနေရတယ်” ဟုလည်း မခိုင်ခိုင်ကဆိုသည်။

ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဇွန်လ ၂၀ရက်နေ့၊ညနေပိုင်းက ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကောင်စီဖက်မှ မြို့ထဲ၌စစ်ဆေးရေးတင်းကျပ်ကာ ဒေသခံများလိုက်လံဖမ်းဆီးခဲ့သဖြင့် ကိုဇော်ဝင်းအပါအဝင် ဒေသခံအများအပြားဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ကျောက်တော်မြို့၏အခြေအနေမှာ တည်ငြိမ်မှုမရှိသေးကြောင်းနှင့် ယနေ့နံနက်ပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်တော်သာရပ်ကွက်နှင့်ကျောက်တော်တောင်အနီးအနားက နေအိမ်များအား ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...