ဖမ်းဆီးခံရသည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များစိုးရိမ်နေ

ဖမ်းဆီးခံရသည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များစိုးရိမ်နေ

ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေကြပြီး အမြန်ဆုံးတွေ့လိုသည်ဟု ပြောကြသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး သွားသည်။ ထို့နောက် ယင်းနေ့နှင့် ဇွန်လ ၁၇ ရက်တို့တွင် မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးခဲ့ရာ (၇) ဦး အဖမ်းခံလိုက်ရသည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူများမှာ စံပြရပ်ကွက်မှ ဦးဘလှိုင်(အသက် ၃၀ )၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း (အသက် ၆၁ )၊ ဦး တင်းမောင်သန်း (အသက် ၃၀)၊ စံပြရပ်ကွက်မှ ကိုမျိုးသွင် (အသက် ၂၇)၊ ကိုပရဟိတ (အသက် ၅၀ )၊ ပေါက် တောပြင်ကျေးရွာမှ မောင်နိုင်မျိုးထွန်း (အသက် ၁၈ )နှင့် မောင်အောင်ခိုင် (အသက် ၁၇ )တို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးကျော်မင်းမှာ ဆီးချို၊ သွေးတိုးရောဂါများလည်းရှိသဖြင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်မိ ကြောင်း သားဖြစ်သူ မောင်ဝိုင်းချေက ပြောသည်။

“ အဲဒီ ၁၆ ရက်နေ့ကနေ ခေါ်သွားတာ။ အဆက်အသွယ်မရသေးပါ။ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်းလည်း မသိရသေးပါ။ မကြားရသေးပါ။ အမြန်လွတ်စေချင်တယ်။  ကျွန်တော့် အဖေက အိမ်မှာနေရင်း  ဘာမှ မဆိုင်ပဲ ပါသွားတာ။ သူကဆေးကို ပုံမှန်သောက်နေရတဲ့ လူတစ်ယောက်ပါ။ ဆေးခန်းကိုလည်း တလတစ်ခါ သွားနေရတဲ့ လူပါ။ နေကောင်းလား၊ ကျန်းမာလား အမြန်ဆုံးသတင်းကြားချင်တယ်။  တခြားဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သူတွေလည်း အဆက်အသွယ်မရကြသေးပါ။ ” ဟု သူကပြောသည်။

ထို့ပြင် ပေါက်တောပြင်ကျေးရွာမှ မောင်နိုင်မျိုးထွန်းနှင့်မောင်အောင်ခိုင်တို့မှာလည်း ပုဏ္ဏားကျွန်းမြို့သို့ ဆေးခန်း ပြပြီး မိမိကျေးရွာသို့အပြန်တွင် ပုဏ္ဏားကျွန်းဈေးအနီး၌ ဖမ်းဆီးခံလိုက်ရပြီး လက်ရှိတွင် သတင်းအစအန လုံးဝမရသေးကြောင်း မောင်နိုင်မျိုးထွန်း၏ ဖခင်ဖြစ်သူ ဦးစိုးနိုင်ဝင်းက ပြောသည်။

 “ အဲနေ့ကနေ ပြန်လို့မရောက်သေးပါ။ ဘယ်နေရာမှာ ရှိမှန်းတောင် သတင်းအစအန မရသေးပါ။ ၁၆ ရက်နေ့ ၄ နာရီအချိန်လောက်မှာ အဖမ်းခံရတာ။ ပုဏ္ဏားကျွန်း ဆေးရုံကြီးကနေ  ပေါက်တောပြင် ရွာကိုအပြန်လမ်းမှာ အဖမ်းခံရတာ။ ပုဏ္ဏားကျွန်း ဈေးချေဝမှာ အဖမ်းခံရတာ။ အဲနေ့ကနေ အဆက်အသွယ်ကိုမရတော့တာပါ။ သူ့အမေလည်း စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ သားကိုအမြန်ဆုံးအိမ်ကို ပြန်ရောက်စေချင်တယ်။ ” ဟု သူကဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...