နှစ်ပေါင်း ၁၂ဝဝ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက် ရခိုင်သို့ ပြန်လည်ရောက်ရှိ

နှစ်ပေါင်း ၁၂ဝဝ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက် ရခိုင်သို့ ပြန်လည်ရောက်ရှိ

နှစ်ပေါင်း ၁၂ဝဝ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက်သည် ရခိုင်သို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။

အဆိုပါကြေးဆီမီးခွက်သည် ဇွန်လ ၂ဝ ရက်တွင် ရန်ကုန်မှတဆင့် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ကြေးဆီမီးခွက်ကို အများပြည်သူလာရောက်လေ့လာနိုင်ရန် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းသွားမည်ဟု သိရသည်။

ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ထားပြီး ပြတိုက်တွင် တရားဝင်ထိန်းသိမ်းထားခြင်းမှာ ကောင်းသောလုပ်ရပ်ဖြစ်သည်ဟုလည်း မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကိုပြောသည်။

"ဒါက ဝေသာလီခေတ် ဆီမီးခွက်ဆိုတော့ ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ပြီး ပြတိုက်မှာထားတယ်ဆိုတာ ကောင်းတယ်။ အများပြည်သူလေ့လာလို့လည်း ရတယ်။ ဒါတွေဟာ Primary Resource ပျောက်ပျက်လို့မရတဲ့ပစ္စည်းတွေဆိုတော့ ပြတိုက်မှာ တရားဝင်ထိန်းသိမ်းထားတာက ကောင်းတယ်လို့ ထင်တယ်"ဟု ပြောသည်။

ရှေးဟောင်းကြေးဆီမီးခွက်ကိုကိုင်ဆောင်ထားသည့် အမြင့်ပေ ၉ လက်မရှိသောရုပ်တုကို အေဒီ ၃ ရာစုနှင့် ၈ ရာစုကြားတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။

အဆိုပါရှေးဟောင်းကြေးဆီမီးခွက်ကိုကိုင်ဆောင်ထားသောရုပ်တုကို ရခိုင်သမိုင်းသုတေသီ ကျောက်စာဝန် ဦးစံရွှေဘုက ၁၉၂ဝ ပြည့်နှစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဝေသာလီကျေးရွာ၏ အရှေ့မြောက်ဘက် ဝေသာလီမြို့ဟောင်းထဲမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအချိန်မှစတင်ပြီး နှစ်ပေါင်း ၁ဝဝ ခန့် ထိန်းသိမ်းလာခဲ့ပြီးနောက် ဦးစံရွှေဘု၏မြေးဖြစ်သူ ဒေါ်ခင်အေးဇံတို့မိသားစုက ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ထံ စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ မိသားစုဝင်များကိုယ်စား ဦးတင်အောင်စိုး(ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း))က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအာင်ကျော်မင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ဒေါက်တာအောင်ကျော်မင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမာင်တို့ တက်ရောက်ခဲ့ကြသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...