စစ်ကောင်စီတပ်ရွှေ့ခိုင်းသည့် SSPP တပ်စခန်း (၃) ခုကို လကုန်ထိ အချိန်ပေးရွှေ့ခိုင်း

စစ်ကောင်စီတပ်ရွှေ့ခိုင်းသည့် SSPP တပ်စခန်း (၃) ခုကို လကုန်ထိ အချိန်ပေးရွှေ့ခိုင်း

စစ်ကောင်စီက ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အရေးပါသော တပ်စခန်း (၃) ခုကို ယခုလ ဇွန် (၃၀) ရက် အပြီးရွှေ့ပေးရန် ပြောထားသော်လည်း SSPP ဘက်က ပြောင်းရွှေ့မည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းသည့် SSPP/SSA ၏ တပ်စခန်း (၃) ခုမှာ အရေးပါသော စခန်းဖြစ်ပြီး ပြောင်းရွှေ့မည်မဟုတ်ကြောင်း SSPP ၏ တပ်မှူးတစ်ဦး ကပြောသည်။

“အထက်အမိန့်ထုတ်ထားပြီးပါပြီ တပ်ဆုတ်ဖို့ မရှိပါဘူး။ သူတို့ (စစ်ကောင်စီ) က ဆုတ်ခိုင်းတဲ့ တပ် (၃) ခုစလုံးက အရေးပါတဲ့နေရာဖြစ်တယ်” ဟု SSPP ၏တပ်မှူးတစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုတပ်စခန်း (၃) နေရာသည် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ကြားရှိပြီး ကားလမ်းဘေးတွင် တည်ရှိသည့် တပ်စခန်းများဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျနော်တို့ဘက် ကြိုတင်ပြင်ဆင်ထားတာတော့ရှိတယ်။ နောက်ဆုတ်ဖို့ တော့ မရှိဘူး။ လက်ရှိချိန်ထိတော့ စကစ ဘက်က အင်အားဖြည့်တင်းတာတော့မရှိဘူး။ အနည်းငယ် လှုပ်ရှားသွားလာတာပဲရှိတယ်” ဟု SSPP ၏တပ်မှူးတစ်ဦး ကပြောသည်။

စစ်ကောင်စီသည် ဇွန် (၄) ရက်နေ့က SSPP ၏ တပ်စခန်းကို ဇွန် (၁၀) ရက်နေ့မှ နောက်ဆုံးထားဖယ်ရှားရမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိမှာ ဇွန် (၃၀) ရက်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေနွေးပွဲကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နေပြည်တော်သို့ မသွားရသေးကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...