ဗန်းမာ်မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေဝင်ရောက်နေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်နေရ

ဗန်းမာ်မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေဝင်ရောက်နေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်နေရ

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာ မြစ်ရေဝင်ရောက်လျက်ရှိနေပြီး နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

လေးရပ်ကွက်ကို တစ်အုပ်စုဖြစ်တဲ့ ခွန်သာရပ်ကွက်အုပ်စုထဲက တပ်ကလေး ၊ မြေနု နဲ့ လက်ပံတန်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှု အများဆုံးဖြစ်တာကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ရေကဝင်တယ် ။ ရပ်ကွက်တစ်ခုလုံးရဲ့ ၃ ပုံ ၂ ပုံတော့ နစ်သွားပြီ တစ်ပုံတော့ကျန်သေးတယ်။ ခွန်သာ ၄ ရပ်ကွက်မှာ ၃ ရပ်ကွက်ကတော့ မြုပ်သွားပြီပေါ့။ တပ်ကလေး ၊ မြေနု ၊ လက်ပံတန်း ။ ခွန်သာနဲ့ လက်ပံတန်းကတော့ အများဆုံးနှစ်သွားတာပေါ့။ လက်ပံတန်းကတော့ အကုန်နစ်သွားပြီ။ မနေ့ကနေ အကုန်ပြောင်းသွားကြပြီ ။ တချို့က တနေ့ကတည်းက ပြောင်းသွားတာပေါ့။ ရေရှင်ကျောင်းရယ် ၊ လေးတပ်ရယ် ၊ မင်းစည်ရယ် အဲဒီဘုန်းကြီးကျောင်းတွေကို ပြောင်းသွားကြပြီ။ ” လို့ ဒေသခံက ဆိုပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းအချိန်ထိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၀၈၂ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာကို ရောက်ရှိဖို့ (၂ ပေကျော်) လောက်ပဲ လိုတော့တာ ဖြစ်တာကြောင့် နောက်ထပ် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တယ်လို့လည်း ကချင်ပြည်နယ်မိုးဇလရဲ့ အချက်လက်တွေအရ သိရပါတယ်။

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ကို မရောက်ခင်မှာပင် ရေနှစ်မြုပ်နိုင်တဲ့ ရပ်ကွက်က လူနေအိမ်တွေအနေနဲ့ လိုအပ်လာရင် ရွှေ့ပြောင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့ကိုလည်း ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးဌာနကနေ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရွှေကူမြို့ရဲ့မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်ရောက်ရှိဖို့ (18 cm ပေဝက်) လောက်သာ လိုတော့ပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့လည်း သိရပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...