ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပ

ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် NLDပါတီဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲပြုလုပ်ခဲ့သည်ဟု ပါတီဝင်အချို့က ပြောသည်။

ဇွန် ၁၉ ရက်နေ့ တွင် မွေးနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်အား အသက်ရှည် ကျန်းမာ စေရန်၊ အမြန်ဆုံးလွှတ်မြောက်စေရန် ရည်ရွယ်၍ မွေးနေ့ပွဲကိုပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ NLD ပါတီဝင် အမျိုးသမီးတစ်ဦး က ပြောသည်။

“ပါတီဝင်မဟုတ်တဲ့ ပြည်သူတွေကလည်း မွေးနေ့ပွဲ လုပ်ပေးချင်တယ်ဆိုတာနဲ့ ဆုတောင်းပေးရင်းနဲ့ အမတို့ အဖွဲ့ လည်း သွားရောက်ပူးပေါင်းပြီး လုပ်ဖြစ်တာပါ” ဟု ပြောသည်။

ဖားကန့်တွင် ၇၇ နှစ်ပြည့် မွေးနေ့ပွဲကို ပြုလုပ်ပေးခဲ့ပြီး မွေးနေ့ကိတ်ခွဲခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ စေရန် ဆုတောင်းပေးခြင်းများ အစီအစဉ်များကို ပြုလုပ်ကာ လက်သုံးချောင်းထောင်၍ အရေးတော်ပုံ အမြန်ဆုံး အောင်မြင်စေရန် လည်း ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် Online ပေါ်တွင်လည်း မွေးနေ့ဆုတောင်းပေးခြင်း နိုင်ငံတဝန်းက မြို့နယ်အချို့တွင်လည်း မွေးနေ့ကိတ်ခွဲခြင်းနှင့် ဆန္ဒပြ ကြွေးကြော်ခြင်းများကို ပြုလုပ်ခဲ့ကြ သည် ဟု မြို့နယ်အသီးသီးက ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

နိုင်ငံတကာရောက် မြန်နိုင်ငံသားများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအတွက် ဆုတောင်းမေတ္တာပို့ ကာ နေရာအနှံ့အပြားတွင် မွေးနေ့ဆုတောင်းပေးလျှက် ရှိသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရသည်မှာ တစ်နှစ်ခွဲ ခန့်ရှိလာပြီ ဖြစ်ပြီး အဂတိလိုက်စားမှု စွပ်စွဲချက်အပါအဝင် အမှု စုစုပေါင်း ၁၉ မှု နှင့် တရားစွဲဆိုခံထားရသည်။

အဆိုပါအမှုများနက် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ဖြစ်သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...