ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လယ်သမား လင်မယားနှစ်ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လယ်သမား လင်မယားနှစ်ဦးဒဏ်ရာရ
ဓာတ်ပုံ - သာစည်ကုန်းဆရာတော်
ဓာတ်ပုံ - သာစည်ကုန်းဆရာတော်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ လင်မယားနှစ်ဦးမှာ ယနေ့  ရက်နေ့ နံနက်ပိုင်းတွင် မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစများ ထိမှန်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများထံ သိရသည်။

ဒဏ်ရာရရှိသည့် လင်မယားနှစ်ဦးမှာ အသက်(၅၀) ကျော်အရွယ် ဦးအေးစိန်ထွန်းနှင့် အေးစိန်နုတို့ဖြစ်ပြီး ကျေးရွာနှင့် ၆ ဖာလုံအကွာ မိမိလယ်ကွင်းတွင် လယ်ထွန်းနေစဉ် ကန်းသင်းပေါ်တွင် မြှုပ်ထားခဲ့သည့် မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း သာစည်ကုန်းကျေးရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးမောင်ကျော်ဇံက DMG သို့ပြောသည်။

“ သူတို့လင်မယားနှစ်ယောက်က လယ်လုပ်ပါတယ်။ လယ်လုပ်တော့ လယ်ကွင်းမှာ အလုပ်လုပ်နေတော့ မိုင်းပေါက်ပြီး ဒဏ်ရာရသွားတာ။ လင်မှာတော့ ဒဏ်ရာနည်းနည်းများတယ်။ နောက်ထပ်မိုင်းရှိ၊ မရှိလာကိုတော့ ကျွန်တော်တို့ သွားမကြည့်ရဲလို့ မသိဘူး" ဟု ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲရာတွင် ဦးအေးစိန်ထွန်းမှာ နဖူးနှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အေးစိန်နု တွင်လည်း မျက်နှာပေါ်တွင် မိုင်းစထိမှန်သည့် ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးးအား  စစ်တွေဆေးရုံးသို့ ဆေးကုသရန် စီစဉ်နေကြောင်းလည်း ကျေးရွာသားများက ပြောသည်။

အဆိုပါ ကျေးရွာအနီးရှိ မယူတောင်တန်းများတွင် ယခင် ၂၀၂၀ ဇန်နဝါလ အတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးကြောင်းနှင့် ယင်းနေရာအနီးတဝိုက်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များ မကြာခဏတွေ့ရတတ်ပြီး ပေါက်ကွဲမှုများ ရှိခဲ့ကြောင့် သာစည်ကုန်း ဆရာတော် ဦးဝိဇာယာ လင်္ကာရ မိန့်ကြားချက်အရ သိရသည်။

ထိုသို့ ဒေသအတွင်း မိုင်းပေါက်ကွဲမူများ မကြာခဏဖြစ်ပေါ်မှုကြောင့် ဒေသခံများမှာ နေ့စဉ် မိုင်းအန္တရာယ်ကို စိုးရိမ်းမူရှိနေသဖြင့် သက်ဆိုင်ရာများက မိုင်းရှင်းလင်းရန်လိုအပ်ကြောင်း မယူကမ်း ဒေသဖွံဖြိုးရေး အသင်း ဥက္ကဌ ဦးမောင်စောဝင်း က DMG သို့ပြောသည်။

“ ဒေသခံတွေကတော့ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး တော်တော်စိုးရိမ်းမူရှိတယ်။ ဒါပေမဲ့ အလုပ်မလုပ်ရင်လည်း ထမင်းငတ်မယ်။ မိုင်းပေါက်ကွဲမှသိရင်လည်း အလုပ်လုပ်ရတယ်။ လွတ်ရင်လည်း လွတ်၊ မလွတ်ရင်လည်း ခံ အဲဒီလို လုပ်နေရတယ်။ အရင်တုန်းက မိုင်းရှင်းလင်းတယ်လို့ပြောတယ်။ မိုင်းရှင်းတာကလည်း မလိုအပ်တယ် ရန်ကုန်-စစ်တွေလမ်းမကြီးကိုပဲရှင်းတာ။ ဒီဘက်မှာလည်း မိုင်းတွေကို သေသေချာချာ၊ ရှင်းရှင်းလင်းလင်း ရှင်းပေးဖို့လိုတယ် ” ဟု ဦးမောင်စောဝင်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ မိုင်းထိမှန်သွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ထို့အတူ မေလ ၃၀ ရက်နေ့က  ပလက်ဝမြို့နယ်၊င/ရှကျေးရွာမှဒေသခံတစ်ဦးမှာ တောင်မှယာခုတ်၍ပြန်လာ စဉ်မိုင်းနင်းမိကာထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး မေလ ၃၁ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အသက် ရ၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ တောင်ပေါ်သို့ဟင်းရှာသွားစဉ်မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်။

အလားတူ မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာမှဒေသခံတစ်ဦးမှာလည်း မေလ ၁၅  ရက်နေ့က တောင်ပေါ်သို့ အလုပ်လုပ်ရန်သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နှင့် ဆက်စပ်ပြီး တိုက်ပွဲပြင်းထန်လာလ မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား သေဆုံးသူ ၅၆ ဦးနှင့်  ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၄ ဦး အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC )၏ စာရင်းအရ သိရ သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...