AA တွင် အမျိုးသမီးများကို ခွဲခြားထားမှုမရှိဘဲ အမျိုးသားများနှင့်တန်းတူ တာဝန်ထမ်းဆောင်နေဟုဆို

AA တွင် အမျိုးသမီးများကို ခွဲခြားထားမှုမရှိဘဲ အမျိုးသားများနှင့်တန်းတူ တာဝန်ထမ်းဆောင်နေဟုဆို

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တွင် အမျိုးသမီးများကို ခွဲခြားထားမှုမရှိဘဲ အမျိုးသားများနှင့်တန်းတူ တာဝန်ထမ်းဆောင်လျက်ရှိနေသည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

 ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်သည့် ULA/AA ၏ တတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ယခုကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

"အမျိုးသား၊ အမျိုးသမီးပါဝင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခွဲခြားထားတာမရှိပါ။ အားလုံးကဏ္ဍစုံမှာ အမျိုးသမီးနဲ့ အမျိုးသားဟာ တန်းတူအနေအထားနဲ့ တာဝန်ထမ်းဆောင်လို့ ရှိတယ်ဆိုတဲ့အကြောင်းကို ကျွန်တော့အနေနဲ့ ဖြေကြားလိုပါတယ်"ဟု ပြောသည်။

အမျိုးသမီးများ၏ အားသာချက်ကို ပြည်သူလူထုအကျိုးအတွက် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားများနှင့် တန်းတူ လေ့ကျင့်ပြုစုပျိုးထောင်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

"အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာ အရေးကြီးသလို သူတို့အားသာချက်တွေကိုလည်း ပြည်သူလူထုအကျိုးအတွက် ရှေ့ဆက် ပိုတောက်ပြောင်ပြီး တာဝန်ထမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ အမျိုးသားတွေနဲ့ တန်းတူလေ့ကျင့် ပြုစုပျိုးထောင်နေတာတွေ ရှိပါတယ်"ဟု ပြောသည်။

ULA/AA တွင် အမျိုးသမီးပါဝင်မှု အများအပြားရှိသော်လည်း တော်လှန်ရေးကာလအတွင်း ထိန်းသိမ်းထားရမည့်ကိစ္စဖြစ်သည်ဟုဆိုကာ အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ရက္ခိုင့်တပ်တော်ကို လာရောက်တာဝန်ထမ်းဆောင်လိုသည့် လူငယ်အများအပြားရှိနေ၍ စနစ်တကျလက်ခံပေးနေရသည့် အနေအထားရှိနေကြောင်းလည်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...